Set-piece နဲ့ ဂိုးသွင်းတာကို ပြိုင်ဘက်တွေဆီက ခိုးယူထားခြင်းဖြစ်တယ်လို့ အာမိုရင်မ် ပြောကြား

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က set-piece နဲ့ ဂိုးသွင်းတာကို ပြိုင်ဘက်တွေဆီက ခိုးယူထားခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ set-piece ကနေ (၁၀)ဂိုး သွင်းယူထားနိုင်ပြီး အာဆင်နယ်နဲ့အတူ set-piece ဂိုးအများဆုံးသွင်းယူနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက ပရီးမီးယားလိဂ်မှာ set-piece ကနေ ဂိုးသွင်းခံခဲ့ရတာ (၁၇)ဂိုးအထိရှိခဲ့ပြီး အများဆုံးသွင်းယူခံရတဲ့ ပြက္ခဒိန်နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ နှစ်ဂိုးစလုံးကို set-piece ကနေ သွင်းယူနိုင်ခဲ့ပြီးနောက် အာမိုရင်မ်က ''ကျွန်တော်တို့ အလုပ်အများကြီးလုပ်နေသလို၊ သင်ယူမှုတွေလည်း အများကြီးပြုလုပ်နေပါတယ်။ တခြားအသင်းတွေ ဘယ်လိုလုပ်သလဲဆိုတာ သင်ယူပြီး ဂိုးသွင်းဖို့ နည်းလမ်းများစွာကို ကျွန်တော်တို့ ခိုးယူနေပါတယ်။ လက်ပစ်ဘောတွေ၊ ဖရီးကစ်တွေ၊ ထောင့်ကန်ဘောတွေက ဒီလိဂ်မှာ အရမ်းအရေးကြီးပါတယ်။ ခင်ဗျားအနေနဲ့ set-piece အတွက် အလုပ်မလုပ်ထားရင် မပြိုင်ခင်က ရှုံးနှင့်ပြီးသားဖြစ်နေပါလိမ့်မယ်'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။
ဘောလုံးသုံးသပ်သူတချို့ကတော့ ပရီးမီးယားလိဂ်မှာ set-piece ဂိုးတွေကို အားပြုလာကြခြင်းအတွက် ပြိုင်ပွဲရဲ့အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

image