ဆီးဂိမ်းစ်ယှဥ်ပြိုင်ဖို့ မြန်မာအမျိုးသမီး အပြီးသတ်ကစားသမား (၂၃) ဦး ရွေးချယ်

၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆူရိုဟာ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်ထုတ်ပြန် လိုက်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲဝင်ဖို့ ဒီဇင်ဘာ၂ ရက်မှာ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။
ထိုင်းဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို မူလက အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ဖို့ရှိသော်လည်း ယခုအခါ ကမ္ဘောဒီးယားအမျိုးသမီးအသင်း နုတ်ထွက်သွားတာကြောင့် အသင်းခုနစ်သင်းသာ ပါဝင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင် အသင်းခုနစ်သင်းကို အုပ်စုနှစ်ခု ခွဲထားပြီး အုပ်စု (A) မှာ အိမ်ရှင်ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အုပ်စု ( မှာ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့ ပါဝင်​နေပါတယ်။
အမျိုးသမီးဘောလုံးပြိုင်ပွဲကို ချောင်ဘူရီမြို့ရှိ ကွင်းနှစ်ကွင်းမှာ ကျင်းပမှာ​ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာ ၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲမှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းကို အုပ်ချုပ်သူအဖြစ် ဦးကြည်လွင်၊ နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆူရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သူဇာထွေး၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သက်သက်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ကိုင်တွယ်နေကြောင်း သိရပါတယ်။

image