လန်းစ်အသင်း ပြင်သစ်လိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို (၂၁)နှစ်အတွင်း ပထမဆုံးအကြိမ် ရယူ

လန်းစ်အသင်းဟာ အခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပြိုင်ပွဲမှာ အန်ဂါစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြင်သစ်လိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို (၂၁)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
အခုတစ်ပတ် ပြင်သစ်လီဂူးပွဲစဉ်(၁၄)မှာ PSG က မိုနာကိုကို ရှုံးနိမ့်ခဲ့သလို၊ မာဆေးလ်ကလည်း တူးလူးနဲ့ သရေကျခဲ့တာကြောင့် (၄)ပွဲဆက်အနိုင်ရခဲ့တဲ့ လန်းစ်အသင်းက ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လန်းစ်အသင်းဟာ နောက်ဆုံး(၁၀)ပွဲမှာလည်း (၈)ပွဲအထိ အနိုင်ရခဲ့ပြီး ဒီရာသီ ပြင်သစ်လိဂ်မှာ နိုင်ပွဲ(၁၀)ပွဲပြည့်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
လန်းစ်အသင်းဟာ ၂၀၀၄ ခုနှစ် သြဂုတ်လတုန်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရောက်ရှိခဲ့ပြီးနောက် (၂၁)နှစ်ကြာမှ တစ်ကျော့ပြန်တက်လှမ်းနိုင်ခဲ့တာပါ။
လန်းစ်အသင်းကို ဒီနွေမှာမှ စတင်ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်နည်းပြ ပီးယားဆက်ကတော့ (၁၄)ပွဲအပြီး ထိပ်ဆုံးနေရာရောက်ရှိတာဟာ အလုပ်ပြီးမြောက်တာမဟုတ်ပေမဲ့ စိတ်ကူးယဉ်ခွင့်ရရှိတဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောကြားခဲ့ပါတယ်။

image