2 ရက် - ဘာသာပြန်ပါ။

စီးရီးအေမှာ ပထမဆုံးအကြိမ် တစ်ပွဲတည်း
နှစ်ဂိုးသွင်းခဲ့တဲ့ ဗာဒီ

အင်္ဂလန်တိုက်စစ်မှူး ဗာဒီဟာ သူ့ကလပ် ခရီမိုနီဆီအသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ ပထမဆုံးအကြိမ် တစ်ပွဲတည်း နှစ်ဂိုးသွင်းယူခဲ့ပါတယ်။
ဗာဒီက တစ်ဂိုးစီ သရေကျနေချိန် အသင်းအတွက် အနိုင်ဂိုးတွေ သွင်းပေးခဲ့တာဖြစ်ပြီး ဘိုလော့ဂ်နာအသင်းကို ပထမဆုံး အိမ်ကွင်းရှုံးပွဲ တွေ့စေ
ခဲ့ပါတယ်။
ဗာဒီဟာ ခရီမိုနီဆီအသင်းအတွက် ကိုးပွဲ ကစား
ထားပြီး လေးဂိုး သွင်းယူထားပါတယ်။
ဗာဒီ(၃၈ နှစ်)အနေနဲ့ ပြီးခဲ့တဲ့နွေရာသီက တစ်နှစ်စာချုပ်နဲ့ ရောက်ရှိလာပြီး တန်းမဆင်းရင်
တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
စီးရီးအေတန်းတက်ကလပ် ခရီမိုနီဆီအသင်းဟာ ၁၃ ပွဲကစားပြီး ၁၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
ဘိုလော့ဂ်နာအသင်းကတော့ ထိပ်ဆုံးမှာ ပူးတွဲဦးဆောင်နေတဲ့ အေစီမီလန်၊ နာပိုလီတို့နောက်
တစ်မှတ်ကွာကိုရောက်မယ့် အနေအထားကို လက်လွှတ်ခဲ့ရပါတယ်။

image