ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်မည့်ရက် အသိပေး
လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဗန်ကောက်မြို့ ရှိ မြန်မာသံရုံး၌ ကြိုတင်မဲပေးနိုင်မည်ဖြစ်ကြောင်း မြန်မာသံရုံး(ဗန်ကောက်မြို့)က ယနေ့ ဒီဇင်ဘာ (၁)ရက်၌ အသိပေးကြေညာထားသည်။
ကြိုတင်မဲလာရောက်ပေးနိုင်ရန်အတွက် ဒီဇင်ဘာ(၆)ရက်နှင့် (၇)ရက်တွင် သံရုံးကို မနက် ၉နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး လာရောက်မဲပေးနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ၁၅ များကို နောက်ဆုံးထား ပေးပို့ထားခဲ့ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးသို့ လာရောက်မဲပေးနိုင်ပြီး မဲပေးနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ မိတ္တူနှင့် နိုင်ငံကူးလက်မှတ်မူရင်း ယူဆောင်လာပေးကြရန်လည်း မြန်မာသံရုံးက အသိပေးထားသည်။
လာမည် ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ(၁၁)ရက်နေ့ ၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။