ငလျင်ဒ-ဏ်သင့်လမ်းများပြုပြင်ခြင်းကို အမြန်ဆုံးဆောင်ရွက်ရန် မန္တလေးတိုင်းဝန်ကြီးချုပ်မှာကြား

မန္တလေးတိုင်း၊ အမရပူရမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့တော်စည်ပင် ရေဆိုးစုပ်ထုတ်စက်ရုံ အမှတ်(၂)(ရွှေခဲ)နှင့် ရှမ်းကလေးကျွန်းကြား မြို့ပတ်လမ်း(ကမ်းနားလမ်း)လမ်းပိုင်းပျ-က်စီးမှုအား ပြင်ဆင်လျက်ရှိပြီး လမ်းလယ်ကျွန်းများကိုလည်း ပြုပြင်လျက်ရှိသည်။
ထိုသို့ ပြင်ဆင်ပြုပြင်နေမှုများအား မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးပြီး လမ်းအသုံးပြုသူများအခက်အခဲမရှိ ချောမွေ့စွာသွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့စေရန် လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
လက်ရှိအချိန်၌ လမ်းလွှာတည်ဆောက်မည့် အောက်အနက်(၄)ပေအတွင်း မြေလွှာလျှောပြတ်ပြီး ပပ်ကြားအက်ကွဲဖြစ်ပေါ်နေသည့်မြေများကိုဖယ်ရှား၍ လမ်းအောက်ခံမြေသားသတ်မှတ် Liquefaction၊ Sand Boil နှင့် Ground Crack ရာခိုင်နှုန်းရရှိရန် အလွှာလိုက်ခင်းကြိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖြစ်ပေါ်နေသောအပိုင်းများတွင် မြေသားအားဖြည့်လွှာအဖြစ် Geo Material များအသုံးပြုခင်းခြင်း၊ လမ်းလယ်ကျွန်းဧရိယာအတွင်း မလွတ်ကင်းသည့်သစ်ပင်များရွှေ့ပြောင်း၍ သတ်မှတ်ရေထုတ်မြောင်းစနစ်ထည့်သွင်းခြင်းနှင့် လမ်းလယ်ကျွန်းပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းစဉ်များကိုလည်းဆောင်ရွက်လျက်ရှိသည်။

image