တရုတ်နိုင်ငံသည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်သည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ နိုဝင်ဘာ ၂၆ ရက်က တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ကျန်းကျိုးမြို့၌ကျင်းပသည့် မြို့တစ်မြို့ထုတ်ကုန်တစ်ခု နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ကာ "မြို့တစ်မြို့ ထုတ်ကုန်တစ်ခု"မဟာဗျူဟာသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟုပြောသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် e-commerce ပလပ်ဖောင်းများကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ၍ နှစ်ဖက်လုံးအကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။
အဆိုပါ ဖိုရမ်အား One Belt, One Road, One World. One Town One Product, One Dream ခေါင်းစဉ်အောက်မှ ကျေးလက်ဒေသပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ မြို့/ခရိုင်အဆင့် စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းစေရန်နှင့် ပြည်တွင်းဈေးကွက်လည်ပတ်မှု တိုးတက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ထုတ်ကုန်ပြပွဲအဖြစ် ပြခန်းပေါင်း(၃၀၀)ခန့်လည်းဖွင့်လှစ်ပြသခဲ့သည်။

image