4 ရက် - ဘာသာပြန်ပါ။

တစ်ပြည်လုံးအတိုင်းအတာအရ မီးဘေးလုံခြုံမှုစစ်ဆေးရေးအစီအစဉ် တရုတ်စတင်

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထပ်မြင့် အိမ်ရာစခန်း မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၁၂၈ ဦး သေဆုံးခဲ့ရပြီးနောက်တရုတ်အစိုးရက တစ်ပြည်လုံးအတိုင်းအတာအရ မီးဘေးလုံခြုံရေး စစ်ဆေးမှုများကို နိုဝင်ဘာ ၂၉ ရက်တွင် စတင်နေကြောင်း သိရသည်။
အများပြည်သူများ၏အသက်အိုးအိမ်များကိုထိထိရောက်ရောက်ကာကွယ်ရေးအတွက်အထပ်မြင့်အ ဆောက်အအုံများ မီးဘေးလုံခြုံရေး စီမံခန့်ခွဲရေးစနစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရအရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တစ်ချိန်တည်းမှာပင် တစ်ပြည်လုံးအတိုင်းအတာအရ မီးဘေးလုံခြုံရေးစစ်ဆေးမှုများကို စတင်ရန် နိုင်ငံတော်ကောင်စီ အလုပ်ခွင်လုံခြုံရေးကော်မတီကဒေသန္တရအာဏာပိုင်များထံညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ရှင်ကျန်းဒေသ၌ လူပေါင်း ၁၀ ဦး သေဆုံးခဲ့ရသောမီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရသည် ပြည်တွင်း လူမှုတည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်သော ပြဿနာများကို အထူးသတိထားကိုင်တွယ်လျက်ရှိသည်။
ရှင်ကျန်းဒေသ မီးလောင်မှုကို အကြောင်းပြု၍ ကိုဗစ်(၁၉)ရောဂါကူးစက်မှု တားဆီးရေး စည်းမျဉ်းများ ကျင့်သုံးဆဲကာလ ၂၀၂၂ ခုနှစ်အတွင်းမှာပင် တရုတ်နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ရသည်။
ဟောင်ကောင်အထပ်မြင့်အဆောက်အအုံ မီးလောင်ကျွမ်းမှုအတွင်းအနည်းဆုံး လူ ၁၂၈ ဦး သေဆုံး ခဲ့ရသည့်အပြင် လူ ၂၀၀ ခန့်လည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

image