တူကီယဲသို့ ပုပ်ရဟန်းမင်းကြီး လီယို သွားရောက်လည်ပတ်
------------------

တူကီယဲ နိုင်ငံကို ပုပ်ရဟန်းမင်းကြီးလီယိုသွားရောက်လည်ပတ်နေရာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အထင်ကရ ဗလီကြီးတစ်ခုဆီ သွားရောက် လည်ပတ်ခဲ့တယ်လို့ Reuters သတင်းမှာ ဖေါ်လ ၊ပြထားပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့က အစ္စတန်ဘူလ် မြို့မှာရှိတဲ့ နာမည်ကျော် ဗလီပြာကြီးဆီကို ပုပ်ရဟန်းမင်း လီယိုက အလည်အပတ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
တူကီယဲ နဲ့ လက်ဘနွန် ခရီးစဉ်ကို ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် မေလမှာ ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယိုက သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ် ရာထူးကို ရယူပြီးနောက်ပိုင်း အစ္စလာမ် ဘာသာရေး အထင်ကရ အဆောက်အအုံ တစ်ခုဆီ ပထမဆုံးအကြိမ် ပုပ်လီယိုက သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။
ဗလီပြာကြီးဟာ ဝတ်ပြုသူ ၁၀၀၀၀ လောက် ဝင်ဆံ့တဲ့ ဧရာမ ဘာသာရေး အဆောက်အအုံကြီး တစ်ခုလည်း ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ အဆောက်အအုံထဲမှာ မိနစ် ၂၀ လောက် လှည့်လည်ကြည့်ရှုရင်း သူသိချင်တာတွေကိုလည်း စိတ်ဝင်တစား မေးမြန်းခဲ့ပါတယ်။ ပြီးတော့ သမိုင်းကြောင်း ရှင်းပြသူ ဗလီရဲ့ အရာရှိ တစ်ဦးနဲ့ တစ်ခုခု အရွှန်းဖောက် ပြောဆိုရင်း ပွဲကျ ရယ်မောနေခဲ့ပါတယ်။

image