4 ရက် - ဘာသာပြန်ပါ။

ဒေးစွန်ပါစေတီတွင် ဓာတ်လှေကားတပ်ဆင်မည်
-------------------------------------------

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စုမှာ တည်ထားကိုးကွယ်တော်မူတဲ့ ဒေးစွန်ပါစေတီတော်မှာ ဓာတ်လှေကားတပ်ဆင်သွားမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
ဒေးစွန်ပါစေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူတွေ လာရောက်ဖူးမြော်ရာမှာ အတက်အဆင်း မတ်စောက်တဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ ရဟန်းရှင်လူပြည်သူတွေ လွယ်လင့်တကူ တက်ရောက်ဖူးမြော်နိုင်ရေး ဓာတ်လှေကားဆောက်လုပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်ဓာတ်လှေကားတပ်ဆင်တဲ့လုပ်ငန်းမှာ ဘုရားဖူးပြည်သူတွေနဲ့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေအနေနဲ့ တတ်အားပါဝင်လှူဒါန်းနိုင်တယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။
လှူဒါန်းလိုသူတွေအနေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးနဲ့ ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

image