ကုန်ထုတ်လုပ်မှုမြှင့်တင်ဆောင်ရွက်ရန် ယာယီသမ္မတမှာကြား
-------------------------------

နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုတွေ မြှင့်တင်ဆောင်ရွက်သွားဖို့လိုတယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ၃၀ရက်က ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာကျင်းပတဲ့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာပါ။
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြသူတွေဖြစ်တာကြောင့် ကုန်ထုတ်လုပ်မှုတွေ တိုးတက်စေရေး မဖြစ်မနေဆောင်ရွက်ဖို့နဲ့ လုပ်ငန်းတွေ မှန်မှန်ကန်ကန်ဖြစ်စေရေး ဆောင်ရွက်ဖို့လိုတယ်လို့လည်း ပြောပါတယ်။
နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာလိုအပ်ချက်ဖြစ်တာကြောင့် အဲဒီဂုဏ်သိက္ခာကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးမှာ ကုန်သွယ်မှုသာမက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးရေးကလည်း အရေးပါတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေ မြှင့်တင်န်ုင်ရေးကို အားပေးဆောင်ရွက်နေသလို ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့လည်း ကုန်ထုတ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားစိုက် ဆောင်ရွက်ဖို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။

image