5 ရက် - ဘာသာပြန်ပါ။

ပဲလေ့စ်နှင့်ပွဲမတိုင်မီ အကယ်ဒမီကစားသမား ၅ ဦးကို ပထမအသင်းသို့ ခေါ်ဆောင်လာတဲ့ ယူနိုက်တက်
======================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မတိုင်မီ အကယ်ဒမီကစားသမား ၅ ဦးကို ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ပေးလာပါတယ်။
ယူနိုက်တက်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရလာသူများထဲတွင် ပါရမီရှင် ဂျေဂျေဂါဘရီရယ်လည်း ပါဝင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့လကမှ အသက် ၁၅ နှစ်ပြည့်ခဲ့သူ ဖြစ်ပြီး ယူ-၁၈ တွင် ကစားခွင့်ရနေတဲ့ အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။
ဂါဘရီရယ်ဟာ ယူနိုက်တက်ယူ-၂၁ အသင်းနှင့်အတူ တံခါးပိတ်ပွဲ ၂ ပွဲအထိ ကစားခဲ့ရမှုနှင့်အတူ ကြာသပတေးနေ့လေ့ကျင့်ခန်းအစီအစဉ်တွင်သာ ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။
ဂါဘရီရယ်ဟာ ဖလက်ချာကိုင်တွယ်နေတဲ့ ယူ-၂၁ အသင်းသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၂ တွင် ၉ ပွဲကစားထားရာမှာ ၇ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးထားနိုင်ပါတယ်။
ဒါပေမယ့် ကျောင်းသားလေးဟာ ပရီးမီးယားလိဂ်စည်းမျဉ်းအရ ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အသက် ၁၅ နှစ်ပြည့်ရမည်ဖြစ်ရာ ယခုရာသီတွင် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ ကစားခွင့်ရလာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဂါဘရီရယ်အနေဖြင့် လာမယ့် ဇန်နဝါရီလ အက်ဖ်အေဖလားပြိုင်ပွဲမှာတော့ ယူနိုက်တက်အတွက် ကစားခွင့်ရလာနိုင်ပါတယ်။
အမိုရမ် အခွင့်အရေးပေးလာတဲ့ အကယ်ဒမီများတွင် တနင်္ဂလာနေ့တုန်းက အဲဗာတန်နှင့်ပွဲအတွက် ယူနိုက်တက်လူစာရင်းမှာ ပါဝင်တဲ့ ယူ-၂၁ တိုက်စစ်သမားရှီယာလေစီလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ယခုအပတ်တွင် အသက် ၁၇ နှစ်ပြည့်ခဲ့တဲ့ လူသိနည်းတဲ့ ဘယ်တောင်ပံကစားသမားနိုအာအေဂျီယီလည်း ပါဝင်ပါတယ်။
အမိုရမ်ဟာ သူ့လက်ထက်တွင် အားအနည်းဆုံးဖြစ်နေတဲ့ ဘယ်ခြမ်းအတွက် လူငယ်ပါရမီရှင်ကိုလည်း အခွင့်အရေးပေးလာနိုင်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရသူများမှာ အသက် ၁၇ နှစ်ရှိ ပရိသတ်အချစ်တော် အလယ်တန်းကစားသမားဂျမ်သီဝှိုက်နှင့် အသက် ၁၇ နှစ်ရှိ နောက်ခံလူ ဂေါ့ဝဲလ်ကူကွန်ကီတို့ ဖြစ်ပါတယ်။
ကူကွန်ကီဟာ ဘယ်နောက်ခံလူအဖြစ်သာမက ဗဟိုနောက်ခံလူအဖြစ်လည်း ခြေစွမ်းပြကစားနိုင်မှုနဲ့အတူ အမိုရမ်ရဲ အထင်ကြီးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။
သီဝှိုက်မှာ ဖလက်ချာ ယူ-၂၁ နည်းပြဖြစ်လာပြီးချိန်တွင် ကျောနံပါတ် ၁၀ နေရာမှ ကျောနံပါတ် ၈ နေရာသို့ ပြောင်းကစားနေရပါတယ်။
ပရီးမီးယားလိဂ်ကလပ်အများစုဟာ အကယ်ဒမီကစားသမားတွေကို ပရီးမီးယားလိဂ်မှာ အားကိုး အသုံးပြုလေ့မရှိပါဘူး။
ဒါပေမယ့် ယူနိုက်တက်ဟာ မားသီးယပ်စ်ကန်ညာ၊ ဘင်ဂျာမင်ဆက်စ်ကို၊ ဟယ်ရီမက်ဂွိုင်းယားတို့ ဒဏ်ရာရရှိနေတဲ့အပြင် အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား ၃ ဦး လက်လွှတ်ရမှာ ဖြစ်လို့ လူငယ်များကို အခွင့်အရေးအချို့ ပေးလာနိုင်ပါတယ်။

image