5 ရက် - ဘာသာပြန်ပါ။

လာဇီယိုနှင့်ပွဲစဉ်ကို အေစီမီလန်ရဲ့ အဓိကတိုက်စစ်သမားပူလီဆစ် လွဲချော်လာဖွယ်ရှိ
=====================

ယခုရာသီတွင် အေစီမီလန်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြကစားနေတဲ့ ခရစ္စတီယန်ပူလီဆစ်မှာ လာဇီယိုနှင့် စီးရီးအေပွဲစဉ်ကို လွဲချော်လာဖို့ ရှိနေကြောင်း နည်းပြအယ်လီဂရီက ဖွင့်ဟလာပါတယ်။
တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့အပတ် မီလန်ဒါဘီနိုင်ပွဲတွင် အဆုံးအဖြတ် အနိုင်ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ကြွက်သားနာကျင်နေမှုနှင့်အတူ နုတ်ထွက်လာပြီး လာဇီယိုနှင့်ပွဲကို လွဲချော်လာမှာ စိုးရိမ်နေရပါတယ်။
အလီဂရီက "ပူလီဆစ် ကစားလာနိုင်ဖို့ မရှိသလောက်ပဲ။ ပွဲမတိုင်ခင် ဘာဖြစ်လာမလဲဆိုတာကိုတော့ ကြည့်ရဦးမယ်"လို့ EPSN သို့ ပြောကြားသွားပါတယ်။
ပူလီဆစ်ဟာ အောက်တိုဘာလတုန်းက အမေရိကန်အတွက် သွားရောက်ကစားစဉ် တံကောက်ကြောဒဏ်ရာရရှိကာ အနားယူလာခဲ့ရပြီးနောက် မကြာသေးမီကမှ ပြန်ကစားလာနိုင်သူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် အေစီမီလန်အတွက် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲတွင် ၇ ဂိုးသွင်းထားကာ ၂ ကြိမ် ဖန်တီးထားပါတယ်။
ပူလီဆစ်ဟာ ချဲလ်ဆီးမှ ယူရိုသန်း ၂၀ ဖြင့် ပြောင်းလာပြီးနောက် အေစီမီလန်တိုက်စစ်တွင် အရေးပါသူအဖြစ် ကစားလာသူ ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်တွင် နေရာစုံ ကစားနိုင်တဲ့ ပူလီဆစ်ဟာ ယခုရာသီ အယ်လီဂရီလက်အောက်တွင် အရေးပါတဲ့ တိုက်စစ်သမားတစ်ဦး ဖြစ်နေပါတယ်။

image