5 ရက် - ဘာသာပြန်ပါ။

၁၀ လကြာ အနားယူခဲ့ရပြီးနောက် ယူနိုက်တက်အတွက် ပြန်ကစားရန် အသင့် ဖြစ်နေပြီ ဖြစ်တဲ့ မာတီနက်ဇ်
=====================

ယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီးနောက် ပြန်လည်ကြံ့ခိုင်မှု ပြည့်ဝလာမှုနှင့်အတူ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် ပါဝင်ကစားရန် အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားနောက်ခံလူဟာ ဖေဖော်ဝါရီလတုန်းက အိုးထရက်ဖို့ဒ်တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ကစားတဲ့ပွဲမှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ တနင်္လာနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် အဲဗာတန်အား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ယူနိုက်တက်လူစာရင်းမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး ယခုအခါ ပွဲကစားဖို့ အဆင်သင့် ဖြစ်နေပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိပြီးနောက် အဲဗာတန်နှင့်ပွဲတွင် ၇၇ မိနစ်ကြာ ကစားသမားတစ်ဦးအသာဖြင့် ကစားခွင့်ရခဲ့ပေမယ့်လည်း ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်၊
ရူဘင်အမိုရမ်က "အရန်ခုံမှာ ထိုင်နေပြီဆိုရင် သူ အသင့်ဖြစ်နေပါပြီ။ သူ့ပွဲကစားချိန်ကို ထိန်းချုပ်ဖို့တော့ လိုသေးတယ်။ ဒါပေမယ့် အရန်ခုံမှာ ထိုင်နေတယ်ဆိုကတည်းက ကစားဖို့ အသင့် ဖြစ်နေလို့ပါ"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ ဘင်ဂျာမင်ဆက်စ်ကို၊ မားသီးယပ်စ်ကန်ညာ၊ ဟယ်ရီမက်ဂွိုင်းယားတို့ မပါဝင်ဘဲ ရင်ဆိုင်ရပါမယ်။
တဖက်တွင် ခရစ္စတယ်ပဲလေ့စ်မှာမူ အသင်းခေါင်းဆောင်မာ့ခ်ဂူဟီ ပွဲကစားရန် အသင့်ဖြစ်နေမှုနှင့်အတူ သတင်းကောင်းကြုံနေပါတယ်။
အင်္ဂလန်လက်ရွေးစင်ဂူဟီဟာ နိုင်ငံတကာပွဲစဉ်မတိုင်မီ ဒဏ်ရာရရှိခဲ့ပြီးနောက် ဝုဗ်နှင့်ပွဲတွင် ပါဝင်ကစားခဲ့ပြီး ကြားရက်တုန်းက စထရာဘော့နှင့်ပွဲတွင် ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။

image