5 ရက် - ဘာသာပြန်ပါ။

ဒေသတွင်းပြိုင်ဘက်ပါးမီးရပ်စ်ကို အနိုင်ယူကာ Copa Libertadores ဖလားကို ၄ ကြိမ် ဆွတ်ခူးထားနိုင်တဲ့ ပထမဆုံးဘရာဇီးကလပ်ဖြစ်လာတဲ့ ဖလာမင်ဂို
==================

ဖလာမင်ဂိုဟာ ဒေသတွင်း ပြိုင်ဘက် ပါးမီးရပ်စ်ကို အနိုင်ယူကာ Copa Libertadores ဖလားအား ၄ ကြိမ်မြောက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးဘရာဇီးကလပ် ဖြစ်လာပါတယ်။
ချဲလ်ဆီးနှင့်အက်သလက်တီကိုနောက်ခံလူဟောင်းဖီးလစ်ပီလူးဝစ်ကိုင်တွယ်နေတဲ့ ဖလာမင်ဂိုအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၇ မိနစ်တွင် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနှင့် ဂျူဗင်တပ်နောက်ခံလူဟောင်းဒါနီလိုက အရက်စ်ဆီတာရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ ဗစ်တာရိုကေးက ပါးမီးရပ်စ်အတွက် ချေပဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းကြီး ကြုံခဲ့ပေမယ့်လည်း အနီးကပ်ကန်ချက် အပေါ်ထောင်သွားလို့ နစ်နာခဲ့ရပါတယ်။
တဖက်တွင် ဖလာမင်ဂိုဟာလည်း နာကျင်အချိန်ပိုမှာ အနိုင်သေချာစေမယ့် ဒုတိယဂိုးသွင်းနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် အဲဗာတန်ရဲ့ အနိမ့်ဘောဖရီးကစ်ကန်ချက်ကို ပါးမီးရပ်စ်ဂိုးသမားကာကွယ်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။
Copa Libertadores ဖလားကို ပြီးခဲ့တဲ့ရာသီအတွင်းမှာ ပါးမီးရပ်စ် (သို့မဟတ်) ဖလာမင်ဂိုပဲ ဆွတ်ခူးလာခဲ့တာလည်း ဖြစ်ပါတယ်။
လူးဝစ်ဟာ နည်းပြအဖြစ်ရော ကစားသမားအဖြစ်ပါ Copa Libertadores ဖလားကို ဆွတ်ခူးနိုင်တဲ့ ၉ ဦးမြောက် လူသား ဖြစ်လာပါတယ်။
ဒီနှစ်သင်းဟာ ၂၀၂၁ ခုနှစ် Copa Libertadores ဗိုလ်လုပွဲမှာလည်းတွေ့ဆုံခဲ့ဖူးပြီး ထိုစဉ်တုန်းက ပါးမီးရပ်စ်က ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

image