ဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးကစားသမားအဖြစ်သာမက အအောင်မြင်ဆုံးကစားသမားအဖြစ်ပါ သမိုင်းဝင်စံချိန်ရေးထိုးလာတဲ့ လီယွန်နယ်မက်ဆီ
=====================
လီယွန်နယ်မက်ဆီဟာ နယူးယောက်စီးတီးအား အင်တာမီယာမီအနိုင်ရာကာ အရှေ့ပိုင်းကွန်ဖရင့်ချန်ပီယံဖြစ်လာပြီးနောက် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမားအဖြစ်သမိုင်းမှတ်တိုင်စိုက်ထူလာခဲ့ပါတယ်။
ဘာစီလိုနာဂန္ထဝင်ဟာ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ကစားသမားဘဝတစ်လျှောက် ဆုလားအားလုံး ဆွတ်ခူးနိုင်ခဲ့ကာ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
အသက် ၃၈ နှစ်ရှိ မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီသို့ ပြောင်းပြီးနောက် ထိပ်တန်းအဆင်တွင် ကစားခြင်းမရှိတော့ပေမယ့်လည်း အောင်မြင်မှုများ ဆက်လက် ရယူနေပါတယ်။
သူဟာ နယူးယောက်စီးတီး ၅-၁ ဂိုးဖြင့် အနိုင်ရပြီး အရှေ့ပိုင်းကွန်ဖရင့်ချန်ပီယံ ဖြစ်အောင်လည်း ထပ်မံ ကူညီလာပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားချန်ပီယံဟာ မာတီယိုဆယ်ဗက်တီရဲ့ ၃-၀ ဂိုးဖြင့် ဖြစ်စေမယ့် ဂိုးအား ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဖီရင့်ပွတ်ရှ်ကပ်စ်အား ကျော်ဖြတ်ကာ ဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးကစားသမားလည်း ဖြစ်လာပါတယ်။
မက်ဆီဟာ ၁၁၆၈ ပွဲကစားထားရာမှာ ၄၀၅ ကြိမ် ဖန်တီးပြီး ဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးကစားသမားဖြစ်လာတာလည်း ဖြစ်ပါတယ်။
သူဟာ ၇၀၈ ပွဲတွင် ၄၀၄ ကြိမ် ဖန်တီးထားတဲ ပွတ်ရှ်ကပ်စ်အား ကျော်ဖြတ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ကစားသမားဘဝ ၄၇ ကြိမ်မြောက် ဆုဖလားဖြင့် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမား ဖြစ်လာပါတယ်။
တဆက်တည်းတွင် မက်ဆီဟာ သောမတ်စ်မူလာရဲ့ ဗန်ကူးဗားဝှိုက်ကပ်အား အနိုင်ရရှိလာပါက MLS Cup ပါ ထပ်မံ ရယူလာနိုင်ပါဦးမယ်။
မက်ဆီဟာ ကစားသမားဘဝအတွင်းတွင် လာလီဂါဖလား ၁၀ ကြိမ်၊ စပိန်စူပါဖလား ၈ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၇ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၄၇ လုံးဖြင့် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမား ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ တကိုယ်တော်ဆုအနေဖြင့် Ballon d'Or ဆုကိုလည်း ၈ ကြိမ် ဆွတ်ခူးထားပါသေးတယ်။