3 ရက် - ဘာသာပြန်ပါ။

မီးရှူးမီးပန်းအကြီးအကျယ်ဖောက်မှုကြောင့် အေဂျက်စ်ရဲ့ ပွဲစဉ်အား ဖျက်သိမ်းခဲ့ရ
==================

ပရိသတ်များက ပွဲကြည့်စင်တွင် မီးရှူးမီးပန်းအကြီးအကျယ်ပစ်ဖောက်မှုကြောင့် အေဂျက်စ်ရဲ့ ပွဲစဉ်အား ဖျက်သိမ်းခဲ့ရပါတယ်။
ဒတ်ချ်ထိပ်သီးကလပ်ဟာ တနင်္ဂနွေနေ့တုန်းက ဂျိုဟန်ခရိုက်ဖ်ကွင်းတွင် ဂရိုနင်ဂျန်အား ဒတ်ချ်အဆင့်မြင့်တန်းလိဂ်ပွဲစဉ်အဖြစ် ဧည့်ခံကစားခဲ့ရပါတယ်။
ဒါပေမယ့် ပွဲမှာ ၅ မိနစ်တည်းသာ ကြာမြင့်ခဲ့ပြီး ပရိသတ်များက ကစားသမားများအား မလုံခြုံအောင် လုပ်ဆောင်လာမှုနှင့်အတူ ပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။
ပွဲချိန် ၅ မိနစ်တွင် ဂရိုနင်ဂျန်အသင်း ဘောလုံးပိုင်ဆိုင်ထားချိန်မှာ အေဂျက်စ်ဂိုးတိုင်နောက်ဘက် ပွဲကြည့်စင်တွင် မီးရှူးမီးပန်း အကြီးအကျယ်ပေါက်မှု ဖြစ်ခဲ့ပါတယ်။
ကစားသမားများဟာ ပွဲကစားတာ ချက်ချင်းရပ်တည်ခဲ့ပြီး ဘေးကင်းရာသို့ ရှောင်ခဲ့ရပါတယ်။
ဒိုင်လူကြီးကလည်း ပွဲကို ချက်ချင်းရပ်ကာ ဥမင်လှိုဏ်ခေါင်းသို့ ဝင်စေခဲ့ပါတယ်။
မီးရှူးမီးပန်းဟာ ကွင်းအတွင်းတွင် ကစားသမားများ မရှိတော့အချိန် တစ်မိနစ်ကျော်အထိ ပေါက်ကွဲနေခဲ့ပါတယ်။
ပွဲရပ်ဆိုင်းလိုက်ချိန်အတွင်း ရုပ်သံက မီးရှူးမီးပန်းပေါက်ကွဲမှုကို ဆက်လက်ပြသနေခဲ့ပါတယ်။
ဒါပေမယ့် ဒိုင်လူကြီးဟာ ပွဲကို ရပ်ဆိုင်းရုံသာမက လုံးဝ ဆက်မကစားတော့ရန်လည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒိုင်လူကြီးဟာ ကစားသမားများမှာ ပွဲကစားရန် လုံခြုံမှု မရှိမှုနဲ့အတူ ပွဲကို ဆက်ကစားရန် ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
အေဂျက်စ်ဟာ ပွဲကို ဖျက်သိမ်းလိုက်မှုအပေါ် အကြီးအကျယ် ဒေါသထွက်နေပြီး မီးရှူးမီးပန်းဖောက်ခွဲတဲ့ ပရိသတ်များကို အရေးယူသွားမယ်လို့ ကြုံးဝါးသွားပါတယ်။

image