3 ရက် - ဘာသာပြန်ပါ။

ဆွီဒင်လိဂ် တန်းဆင်း/တန်းတက်ပွဲတွင် ပရိသတ်ပစ်လိုက်တဲ့ မီးရှူးကြောင့် ကွင်းအတွင်း မီးလောင်ဖြစ်ကာ ကစားသမားများနှင့် ဒိုင်လူကြီးတို့ ထွက်ပြေးခဲ့ရ
=====================

ဆွီဒင်မှဘောလုံးပွဲတစ်ပွဲတွင် ကွင်းအတွင်း မီးလောင်မှု ဖြစ်ပြီး ကစားသမားများ ဘေးလွတ်ရာကို ပြေးခဲ့ရကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။
IFK Norrkoping ပရိသတ်များဟာ Orgryte IS နှင့် ကစားရတဲ့ Allsvenskan တန်းဆင်း/တန်းတက်ပွဲစဉ်တွင် ကွင်းကို မီးတင်ရှို့ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒုတိယတန်းကလပ် Orgryte IS က ပထမအကျော့တုန်းက ၃-၀ ဂိုးဖြင့် အနိုင်ရထားခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်အဖြစ် IFK Norrkoping ရဲ့ Nya Parken သို့ လာရောက်ကစားခဲ့ပါတယ်။
ယင်းပွဲစဉ်ရဲ့ ပထမပိုင်းတွင် ပရိသတ်များက အနှောက်အယှက်များစွာပေးမှုကြောင့် စိတ်မချမ်းသာစရာပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အိမ်ကွင်းပရိသတ်များသာမက အဝေးကွင်းပရိသတ်များကလည်း ကွင်းအတွင်းသို့ အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။
ပွဲပြီးရင် မိနစ်အနည်းငယ်အလိုမှာတော့ အဆိုးရွားဆုံးလုပ်ရပ် လုပ်လာပါတော့တယ်။
ပွဲချိန် ၈၆ မိနစ်တွင် ပရိသတ်များဟာ ကွင်းအတွင်းသို့ မီးရှူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ဒိုင်လူကြီးက ပွဲကို ချက်ချင်းရပ်ဆိုင်းခဲ့ပါတယ်။
သူဟာ ချက်ချင်းပင် ကစားသမားများကို ကွင်းအတွင်းမှာ ထွက်ခွာဖို့ အချက်ပေးခဲ့ပါတယ်။
ဒါပေမယ့် ချက်ချင်းဆိုသလို မီးရှူးမှ တဆင့် ကွင်းရဲ့ မြက်ခင်းတုအား မီးလောင်လာမှုနဲ့အတူ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
ကွင်းအတွင်း မီးလောင်မှု ဖြစ်ခဲ့ပေမယ့်လည်း မီးငြိမ်းသတ်ပြီးနောက် ပွဲကို ဆက်ကစားခဲ့ပါတယ်။
ပွဲပြီးဆုံးအောင် ကစားရန်အတွက် လေးနာရီကျော်ကြာ အချိန်ပေးခဲ့ရပါတယ်။

image