22 ပတ် - ဘာသာပြန်ပါ။

မှတ်ပုံတင် ဖျက်သိမ်းပြီးသည့် ရှေးဟောင်း (Classic) မော် တော်ယာဉ်များကို မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း (Classic) မော်တော်ယာဉ်များကို တန်ဖိုးထားထိန်းသိမ်းနိုင်ရေးနှင့် သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင်မှတ်တမ်းတင်နိုင်ရေးအတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးသည့် ရှေးဟောင်း (Classic) မော်တော် ယာဉ်များကို ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ (၂၉) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယခင်က မှတ်ပုံတင်ထားပြီး သက်တမ်းတိုးဆက်လက်‌ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် ၁၉၈၀ မော်ဒယ်နှင့် ၎င်းမတိုင်မီ ယာဉ်များကို ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်လည်း ဖြစ်သည်။
မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သည့် ယာဉ်များကိုသာ မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်ကို ရောက်ရှိ ယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်းနှင့် ယခင်မှတ်ပုံတင်ထားခြင်းမရှိသည့် ရှေးဟောင်းယာဉ်များကို မှတ်ပုံတင်ပေးမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။
ထို့ကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်နှင့် ခရိုင် ကုန်လမ်းပို့ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။

image