ချန်ပီယံသစ်ရိုဆာရီယိုစင်ထရယ်အား ဂုဏ်ပြုရန် ငြင်းဆိုမှုအတွက် ၆ လ ပွဲပယ်ခံလာရတဲ့ အက်စ်တူဒီယန်တက်စ်ဥက္ကဌဗီရွန်
===================
အက်စ်တူဒီယန်တက်စ်ဥက္ကဌဟွန်ဆီဘာစတီယန်ဗီရွန်ဟာ ချန်ပီယံသစ် ရိုဆာရီယိုစင်ထရယ်အား ဂုဏ်ပြုမှု ပြုလုပ်ရန် ငြင်းဆိုမှုအတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ ၆ လ ပွဲပယ်ခြင်းခံလာရပါတယ်။
ယူနိုက်တက်၊ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းနှင့် အက်စ်တူဒီယန်တက်စ်ကစားသမားတို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက စည်းမျဉ်းပြောင်းလဲပြီး 'League Champion' ဆိုတဲ့ အမည်အား အသုံးပြုမှုအား ကန့်ကွက်နေကြပါတယ်။
အက်စ်တူဒီယန်တက်စ်ကစားသမားများဟာ တနင်္ဂနွေနေ့ညတုန်းက ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ Clausura ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ ရိုဆာရီယိုကစားသမားများ ကွင်းအတွင်း ဝင်ရောက်လာချိန်တွင် ကျောခိုင်းကာ ဆန့်ကျင်ခဲ့ကြပါတယ်။
ယခုအခါ ဗီရွန်ဟာ ဘောလုံးလောကနှင့် ပတ်သက်ခွင့် ၆ လပွဲပယ်ခြင်းခံလာခဲ့ရပြီး အက်စ်တူဒီယန်တက်စ်ကစားသမားများမှာလည်း ယုတ်မာတဲ့အပြုအမူအတွက် လာမယ့်ရာသီတွင် ၂ ပွဲပယ်ပြစ်ဒဏ်ကျခံရန် ချမှတ်ခံလာရပါတယ်။
အာဂျင်တီးနားအဆင့်မြင့်တန်းလိဂ်ကို Apertura နှင့် Clausura ဆိုပြီး နှစ်ခြမ်းကွဲ ကျင်းပခဲ့ပါတယ်။ အိန်ဂျယ်ဒီမာရီယာရဲ့ ရိုဆာရီယိုဟာ ပုံမှန်ရာသီတွင် ပြိုင်ပွဲနှစ်ရပ်ပေါင်း ၆၆ မှတ်အထိ ရရှိပြီး ဘိုကာဂျူနီယာထက် ၄ မှတ်ပိုရခဲ့ပါတယ်။
ယခင်စည်းမျဉ်းအရ ပြိုင်ပွဲနှစ်ရပ်ပေါင်း အမှတ်အများဆုံး ရတဲ့အသင်းက Copa Libertadores ဝင်ခွင့်ရပါတယ်။
ပြိုင်ပွဲတစ်ခုရဲ့ လိဂ်တစ်ခုတွင် ၁၆ ပွဲစီ ကစားရပြီး Platense က Apertura တွင် အနိုင်ရခဲ့ပါတယ်။
အက်စ်တူဒီယန်တက်စ်မှာ စနေနေ့တွင် Clausura ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် Central Cordoba နှင့် ကစားရပါမယ်။
Apertura ချန်ပီယံမှာ Clausura ချန်ပီယံ(ပလေးအော့ဖ်ဖြင့် ဆုံးဖြတ်လာမည်)နှင့် နှစ်ကုန်ပွဲအဖြစ် Champions Trophy အဆုံးအဖြတ်ပွဲကစားရပါမယ်။