အကြောင်းပြချက် မပေးဘဲ ဂူယီရဲ့ အနီကတ်အယူခံ ပယ်ချခြင်းခံရ
==================
အက်ဖ်အေမှာ အဲဗာတန်ရဲ့ အိုင်ဒရက်စ်ဆာဂူယီရဲ့ အနီကတ်အား အယူခံအား ရှင်းလင်းချက် တစုံတရာမပေးဘဲ ပယ်ချခဲ့ကြောင်း အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က ပြောကြားလာပါတယ်။
အသက် ၃၆ နှစ်ရှိ ဂူယီဟာ တနင်္လာနေ့တုန်းက ယူနိုက်တက်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ကစားဖော်မိုက်ကယ်ကိန်းအား ရိုက်ခဲ့မှုအတွက် တိုက်ရိုက်အနီက်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
၎င်းတို့အကြား အချင်းများမှုကို အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ် ဝင်ရောက်ဖြေဖျန်ပေးခဲ့ပေမယ့်လည်း ဒိုင်လူကြီးတိုနီဟာရင်တွန်ဟာ ဂူယီကို ပွဲချိန် ၁၃ မိနစ်တွင် အနီကတ်ပြသခဲ့ပါတယ်။
စည်းမျဉ်းအရ ရန်လိုတဲ့ အပြုအမူအတွက် အနီကတ်ပြသခြင်းခံရပါက ၃ ပွဲပယ်ခြင်းခံရကာ ဂူယီမှာ နယူးကာဆယ်၊ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များအား လွဲချော်လာပါမယ်။
ဒေးဗစ်မိုယက်စ်က "ကျွန်တော်တို့ အယူခံဝင်ခဲ့တယ်(အနီကတ်ကို)။ ပြီးတော့ ကျွန်တော်တို့ အယူခံ အပယ်ခံခဲ့ရတယ်။ ဘာကြောင့် ပယ်ချလိုက်တယ်ဆိုတာ ကျွန်တော်တို့ကို အကြောင်းပြချက် မပေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ချက်ချင်းပဲ အယူခံဝင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဂူယီဟာ ယခုရာသီတွင် အဲဗာတန်ရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း ပွဲထွက်ကစားထားသူ ဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလတွင် အာဖရိကဖလားပြိုင်ပွဲကစားရန် ဆီနီဂေါနှင့် ပူးပေါင်းရပါဦးမယ်။
ဒေးဗစ်မိုယက်စ်ရဲ့ အဲဗာတန်ဟာ ဂျာမန်အလယ်တန်းကစားသမားမာလန်ရိုလ်ကိုလည်း အူကျဝေဒနာခွဲစိတ်ကုသခံထားရမှုကြောင့် ဆုံးရှုံးထားရသလို အသင်းခေါင်းဆောင်ဆီးမပ်စ်ကိုးလ်မန်းမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
အဲဗာတန်ဟာ ယနေ့ညတွင် Hill Dickinson Stadium ကွင်းမှာ နယူးကာဆယ်ကို ဧည့်ခံကစားရပါမယ်။