ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့၌ နိုဝင်ဘာ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီ ၆ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ရွှေဘုံသာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်လေးစီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်ပြီး ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နည်းတူ နိုဝင်ဘာ ၂၇ ရက် ညနေ ၆ နာရီ ၂၁ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ရှင်ထွေးညိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ရာ ညနေ ၆ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ပြီး ညနေ ၆ နာရီ ၃၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များ၊ အခြားရုတ်တရက်ဖြစ်ပွားသောဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏အရေးပေါ်ဖုန်းနံပါတ် Hotline 191 မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ကွပ်ကဲ) ၀၁၈ ၆၆၆၉၁၂ ၊ ၀၁၈ ၆၆၆၉၁၃ ၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ) ၀၁ ၂၅၂၀၁၁ ၊ ၀၁ ၂၅၂၀၂၂ ၊ ၀၉ ၄၄၅၉၁၈၁၉၁ များသို့ဆက်သွယ်သတင်းပေးပို့အကူအညီတောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။