မန္တလေးသို့ သယ်ဆောင်ရောင်းချမည့် ၈ ဒသမ ၉၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
မန္တလေးသို့ သယ်ဆောင်ရောင်းချမည့် ၈ ဒသမ ၉၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ကျော်သူထိုက် မောင်းနှင်လာသော TOYOTA DYNA မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅၅ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၇၅ ဘီလျံ)နှင့် စိတ်ကြွဆေးပြား၅ ဒသမ ၈ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၆၂ ဘီလီယံ)ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၈.၉၉၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။