မြန်မာနိုင်ငံအပါအဝင် တတိယကမ္ဘာ့နိုင်ငံအားလုံးမှ ပြောင်းရွှေ့နေထိုင်သူများကို အမြဲတမ်းရပ်ဆိုင်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်သမ္မတက ဒေါ်နယ်ထရန့် က တတိယကမ္ဘာ့နိုင်ငံများဟု ၎င်းင်းခေါ်သည့် နိုင်ငံများမှ ပြောင်းရွှေ့သူများကို အမြဲတမ်း ရပ်ဆိုင်းရန် စီစဉ်ထားသည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦးက ၀ါရှင်တန်တွင် အမျိုးသားအစောင့်တပ်သား နှစ်ဦးကို ပစ်ခတ်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် သမ္မတက အ ထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“အမေရိကန်စနစ် ပြည့်ဝစွာပြန်ကောင်း လာစေဖို့ (မြန်မာအပါအဝင်၁၉နိုင်ငံ) တတိယကမ္ဘာ့နိုင်ငံအားလုံးကနေ ပြောင်းရွှေ့ သူတွေကို ကျွန်တော်ကအမြဲတမ်းရပ်ဆိုင်း တော့မှာဖြစ်ပါတယ်”ဟု ထရန့်က ဆိုရှယ်မီ ဒီယာတွင် ရေးခဲ့သည်။

image