နေပြည်တော်ရှိ ကြေးမုံဆေးရုံမှာ လိုင်စင်သက်တမ်းကုန်ဆုံးနေခြင်း၊ တရားဝင်ဆေးကုသခွင့်မရှိသည့် ဆရာဝန်/အထူးကုဆရာဝန်များ ထားရှိသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခံရ

နေပြည်တော်ရှိ ကြေးမုံဆေးရုံမှာ လိုင်စင်သက်တမ်းကုန်ဆုံးနေခြင်း၊ တရားဝင်ဆေးကုသခွင့်မရှိသည့် ဆရာဝန်/အထူးကုဆရာဝန်များ ထားရှိသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခံရခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
နေပြည်တောင်ကောင်စီနယ်မြေရှိ ကြေးမုံဆေးရုံကို ပိတ်သိမ်းခံရခြင်းနှင့်ပတ်သက်ပြီး သတင်းဌာနအချို့၏ မေးမြန်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆေးရုံမှာ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိပြီး ယင်းဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာနက ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် လိုင်စင်သက်တမ်းကုန်ဆုံးနေခြင်း၊ တရားဝင်ဆေးကုသခွင့်မရှိသော ဆရာဝန်/အထူးကုဆရာဝန်များထားရှိခြင်းတို့ တွေ့ရှိရသည့်အတွက် လူနာများအကျိုးဌာ၎င်းင်းဆေးရုံအား လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

image