Miss Universe ပိုင်ရှင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် တရားစွဲခံရ
------------------------

Miss Universe ပိုင်ရှင် Raúl Rocha ဟာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လောင်စာဆီ မှောင်ခိုရောင်းဝယ်မှုတွေနဲ့ တရားစွဲခံထားရတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Rocha ကို မက္ကဆီကို ရှေ့နေတွေက ဂွာတီမာလာကနေ မက္ကဆီကိုကို ကုန်ပစ္စည်းတွေ မှောင်ခိုတင်သွင်းတဲ့ ရာဇဝတ်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် ယူဆထားကြတာ ဖြစ်ပါတယ်။
မက္ကဆီကို Reforma သတင်းဌာနရဲ့ထုတ်ပြန်အရ မက္ကဆီကို စုံစမ်းစစ်ဆေးသူတွေဟာ Raúl Rocha ရဲ့ ပုဂ္ဂလိက နေအိမ်များစွာကို ဝင်ရောက်စီးနင်းပြီးနောက် ရာဇဝတ်အဖွဲ့အစည်းတွေကို ပေးနေတဲ့ ငွေကြေးထောက်ပံ့မှုများစွာ တွေ့ရှိခဲ့ကြောင်း စွပ်စွဲပြောဆိုထားပါတယ်။
အရှုပ်တော်ပုံတွေ ပြည့်နှက်နေတဲ့ Miss Universe ၂၀၂၅ အလှမယ်ပြိုင်ပွဲအပြီး ရက်အနည်းငယ်အကြာမှာ Miss Universe Organization ဥက္ကဋ္ဌနဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ Raúl Rocha ဟာ ဂွာတီမာလာနဲ့ မက္ကဆီကိုအကြား မူးယစ် ဆေးဝါး၊ လက်နက်နဲ့ လောင်စာဆီ ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်မှု စွပ်စွဲချက်တွေနဲ့ မက္ကဆီကို ရှေ့နေချုပ် ရုံး(FRG)က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မက္ကဆီကို အထူးစုံစမ်းစစ်ဆေးရေးရုံးက အေးဂျင့်တစ်ဦးဖြစ်သူကလည်း မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခို ရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်မှုကြောင့် ပေါ်ပေါက်လာတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စွဲချက်တွေအတွက် Rocha ကို ပြီးခဲ့တဲ့ဩဂုတ်လကတည်းက ဖမ်းဝရမ်းတစ်ခု တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

image