ရွေးကောက်ပွဲနိုင်လျှင် ကုန်ဈေးနှုန်းကျဆင်းရေးလုပ်ပေးမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌပြော
---------------------------------------

ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ကုန်ဈေးနှုန်းလျော့ကျအောင် ကျိန်းသေပေါက် လုပ်ဆောင် သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို)ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
နိုဝင်ဘာ (၂၇) ရက်၊ မနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမမှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ဝင်ရောက် ယှဉ်ပြိုင် မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲ အပြီး One News ရဲ့ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ တာပါ။
ကုန်စည်ဈေးနှုန်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းဖြစ်အောင် အမြဲတမ်း ထိန်းကျောင်းတဲ့ ယန္တရားတစ်ခုကို တည်ထောင် မှာ ဖြစ်ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေဖို့ကိုလည်း ခေတ်မီ စက်ကိရိယာတွေ နဲ့ စစ် ဆေးတဲ့ နည်းလမ်းတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။
တရားမဝင် ကုန်စည်စစ်ဆေးရေးဂိတ်တွေကိုလည်း ဦးစားပေးအနေနဲ့ ဖယ်ရှားရှင်းလင်းမှာ ဖြစ်သလို ကုန်စည် ဈေးနှုန်း စောင့်ကြည်ရေး အဖွဲ့တွေကိုပါ ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသုံးငွေ နဲ့ပတ်သက်လို့လည်း ငွေလဲနှုန်းထားကို စီမံခန့်ခွဲနိုင်တဲ့ နှုန်းရှင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဦးစားပေး ကြိုးပမ်းဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ဦးခင်ရီက ဆက်ပြောပါတယ်။
မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း လွတ်လပ်ခွင့် ရှိပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ မီဒီယာတွေ ဖြစ် အောင် ဆောင်ရွက်သွားမှာ ဖြစ်သလို သတင်းတု သတင်းမှား တွေကို ထိန်းကျောင်းတဲ့ စနစ် နဲ့ အဆင့်မီတဲ့ မီ ဒီယာ သင်တန်းကျောင်းကို ဖွင့်လှစ်သွားဖို့ ရှိတယ်လို့လည် ဆိုပါတယ်။
လာမဲ့ အထွေထွေရွေးကောက်ပွဲကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အယောက်(၁၀၀၀)ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

image