အက်ရှ်တန်မာတင်အသင်း အုပ်ချုပ်သူ နီဝေးဖြစ်လာမည်
----------------------
ဖော်မြူလာဝမ်း ဂန္ထဝင်တစ်ဦးဖြစ်တဲ့ အင်ဒရီယန် နီဝေးဟာ ၂၀၂၆ မှာ အက်ရှ်တန်မာတင်အသင်း အုပ်ချုပ်သူ ဖြစ်လာမယ်လို့ သိရပါတယ်။ နီဝေးဟာ အက်ရှ်တန်မာတင်အသင်းကို အမှုဆောင်အရာရှိချုပ်အဖြစ် ရောက်လာ တာ ၉ လသာရှိပေမယ့် အသင်းအုပ်ချုပ်မှုပိုင်း အပြောင်းအလဲမှာ အန်ဒီကိုဝဲလ်ရဲ့ ရာထူးနေရာကို ဆက်ခံရ တော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရက်ဘူးလ်အသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် နီဝေးဟာ အက်ရှ်တန် မာတင်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ နီဝေးဟာ လက်ရှိ အမှုဆောင်အရာရှိချုပ်ရာထူးမှာ ဆုကြေးနဲ့ အခြားခံစားခွင့် အပါအဝင် တစ်နှစ်ကို ပေါင် သန်း ၃၀ လောက်ရရှိနေတာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆို ထားတာဖြစ်ပါတယ်။ လက်ရှိအသင်းအုပ်ချုပ်သူ ကိုဝဲလ်ကတော့ အသင်းရဲ့ အင်ဂျင် ပါတနာဖြစ်တဲ့ ဟွန်ဒါနဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းမှာ အရေးပါတဲ့ ရာထူးကို ပြောင်းလဲလက်ခံရယူမှာဖြစ်ပါတယ်။
နီဝေးနဲ့ ကိုဝဲလ်တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ရာထူးတွေမှာ ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြသူတွေ ဖြစ်တယ်လို့ အက်ရှ်တန်မာတင်အသင်း ကြေညာချက်မှာ ရေးထားပါတယ်။ နီဝေးကလည်း ရက်ဘူးလ်အသင်း ကနေ ထွက်လာပြီးနောက် သူ့ကိုယုံကြည်စွာ တာဝန်ပေးခဲ့ကြတဲ့ အက်ရှ်တန်မာတင်အသင်းရဲ့ အသင်းအုပ်ချုပ်သူ ရာထူးကို လက်ခံရတော့မှာဖြစ်လို့ ပျော်ရွှင်မိတယ်လို့ ဖွင့်ဟထားပါတယ်။