1 ပတ် - ဘာသာပြန်ပါ။

မြန်မာ-ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ
----------------------

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်နဲ့ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဂျက်စမင်နေပြည်တော်ဟိုတယ်မှာ တွေ့ဆုံပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းမှု ပိုမိုမြှင့်တင်သွားရေး အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာ နှစ်နိုင်ငံအကြား ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာတာနဲ့အမျှ ရလဒ်ကောင်း တွေ ထွက်ပေါ်နေတဲ့ အခြေအနေတွေကို အမြင်ချင်းဖလှယ်ပြီး နှစ်နိုင်ငံအကျိုးဖြစ်စေမဲ့ နယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့သွားနိုင်ရေးအတွက် ပိုမိုနီးကပ်စွာ လက်တွဲဖော်ဆောင်သွားရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

image