6 ရက် - ဘာသာပြန်ပါ။

တစ်နှစ်နီးပါး ထိန်းသိမ်းလာခဲ့တဲ့ ကြီးမားဆုံး လျို့ဝှက်ချက်ကို အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ချစ်သူ ဖွင့်ချလာ
=====================

အလက်ဆစ်ဆန်းချက်ဇ်ရဲ့ ချစ်သူက ကိုးလတိုင်တိုင် ကိုယ်ဝန်လွယ်ထားရကြောင်းကို လျို့ဝှက်လာပြီးနောက် ကလေးမွေးဖွားလာတော့မယ်လို့ ဖွင့်ချလာပါတယ်။
ပရီးမီးယားလိဂ်စတားဟောင်းရဲ့ ချစ်သူအလက်ဇန္ဒားလတ်ဗီနိုဗာဟာ သူမဘဝတွင် အကြီးမားဆုံးလျို့ဝှက်ချက်အဖြစ် ကိုယ်ဝန်လွယ်ထားမှုအား လျို့ဝှက်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အာဆင်နယ်တွင်လည်းကောင်းကစားခဲ့သလို ယင်းနောက် ၂၀၂၀ ခုနှစ်အထိ ယူနိုက်တက်တွင် ကစားခဲ့ပါတယ်။
ရုရှား-ယူကရိန်းမော်ဒယ်ဟာ အင်္ဂါနေ့မှာတော့ သူမရဲ့ ကြီးမားတဲ့ လျို့ဝှက်ချက်ကြီးကို ဖွင့်ချလာပါတယ်။
သူမက "ကိုးလတိုင်တိုင် ခက်ခက်ခဲခဲ လျို့ဝှက်လာခဲ့ရတယ်။ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် ဝေမျှချင်တဲ့အရာပါ။ ပြီးတော့ တချိန်တည်းမှာပဲ ထိန်းသိမ်းထားချင်တဲ့အရာပါ။ အခုတော့ လျို့ဝှက်ချက်ကြီးကို ဖွင့်ချလိုက်ပါပြီ။ ဒါကို ပြောခွင့်ရလို့ အရမ်းအံ့ဩစရာကောင်းတဲ့ ခံစားချက်ရတယ်။ ဒီခရီးစဉ်ရဲ့ ပုံအချို့ကိုလည်း မျှဝေလိုက်ရလို့ အံ့ဩစရာကောင်းတဲ့ ခံစားချက် ရရှိပါတယ်"လို့ ဆိုသွားပါတယ်။
အလက်ဇန္ဒားဟာ အိမ်နောက်ဖေး ဥယျာဉ်တွင် What’s The Jam ရဲ့ I’m a Mommy by We Krazy သီချင်းကို အသုံးပြုထားတဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ ဗိုက်ကို ပြသလာတာလည်း ဖြစ်ပါတယ်။
ယင်းမတိုင်မီ သုံးရက်တုန်းက သူမဟာ ဆန်းချက်ဇ်နှင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံကို “1+1=3.” ဆိုတဲ့ စာသားနဲ့ ပဟေဠိဆန်ဆန် ပို့စ်တင်ခဲ့ပါသေးတယ်။ ထိုစဉ်ကတည်းက သူမဟာ ကိုယ်ဝန်လွယ်ထားရပြီလို့ ကောလာဟလထွက်လာတာလည်း ဖြစ်ပါတယ်။

image