အများသုံးအိမ်သာတွင် အမျိုးသမီးတစ်ဦးနှင့် ဒချိခဲ့တဲ့အပြင် ရဲတပ်ဖွဲ့နှင့် ပြဿနာတက်ခဲ့တဲ့ နယူးကာဆယ်ပရိသတ်အား ပြင်သစ်ရဲတပ်ဖွဲ့အပူတပြင်းရှာဖွေနေ
===================
ပြင်သစ်ရဲတပ်ဖွဲ့ဝင်များဟာ မာဆေးကွင်းအတွင်းရှိ အများသုံးအိမ်သာတွင် အမျိုးသမီးတစ်ဦးနှင့် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့တဲ့အပြင် အဓိကရုဏ်းထိန်းရဲများနှင့်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ နယူးကာဆယ်ပရိသတ်တစ်ဦးအား အပူတပြင်းရှာဖွေနေပါတယ်။
အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုအရ ကိုယ်လုံးတီး အမျိုးသားတစ်ဦးဟာ အင်္ဂါနေ့တုန်းက မာဆေးနှင့် နယူးကာဆယ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် အများဆုံးအိမ်သာထဲမှာ အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံနေကြောင်း တွေ့ရပါတယ်။
ယင်းနောက် ၁၅ မိနစ်အကြာတွင် ယင်းအမျိုးသားဟာ Stade Vélodrome ကွင်းတွင် အပေါ်အင်္ကျီဗလာ၊ ပုလင်းတစ်လုံးကိုင်ပြီး အဓိကရုဏ်းထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ရာမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။
လက်နက်အပြည့်အစုံပါဝင်တဲ့ အဓိကရုဏ်းထိန်းရဲများဟာ ဒိုင်းနှင့် နံပါတ်တုတ်များကို အသုံးပြုကာ ပရိသတ်များကို တားဆီးခဲ့ပြီး ပရိသတ်များကလည်း ပြန်လည်အော်ဟစ်ခြင်း၊ တွန်းခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။
မာဆေးရဲတပ်ဖွဲ့ဝင်များဟာ အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်များအရ ကွင်းတွင်း အများသုံးအိမ်သာတွင် အဝတ်အစားဗလာဖြင့် လိင်ဆက်ဆံတဲ့ အမျိုးသားမှာ ရဲတပ်ဖွဲ့နှင့် ပရိသတ်များအကြား ရန်ပွဲတွင်လည်း ပါဝင်နေမှုနှင့်အတူ အပူတပြင်း ရှာဖွေမှု ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်တို့ မာဆေးတွင် ရှုံးပွဲကြုံခဲ့တဲ့ ပွဲစဉ်အတွင်း နှစ်ဖက်ပရိသတ်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ပရိသတ်များရှိရာသို့ မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့တာလည်း တွေ့ရပါတယ်။
တဖက်တွင် နယူးကာဆယ်ကလည်း ရဲတပ်ဖွဲ့ဝင်များရဲ့ မဆင်မခြင် နှိပ်စက်မှု ခံခဲ့ရကြောင်း ကြေညာထားပါတယ်။
ဒါအပြင် နယူးကာဆယ်က ပရိသတ်များမှာ မလိုလားအပ်ဘဲငရုပ်ကောင်းမှု၊ နံပါတ်တုတ်၊ ဒိုင်းကာတို့ဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရကြောင်းလည်း ဆိုထားပါတယ်။