ရလဒ်ဆိုးရွားမှုကြောင့် အသင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး အန်းဆလော့ ပြောကြားလာ
====================

လီဗာပူးနည်းပြအန်းဆလော့ဟာ ကလပ်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လီဗာပူးနည်းပြအနာဂတ်နှင့်ပတ်သက်ပြီး ဖွင့်ဟ ပြောကြားမှု ပြုလုပ်လာပါတယ်။
လီဗာပူးဟာ ဗုဒ္ဓဟူးနေ့တုန်းက ပီအက်စ်ဗွီကို ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၁၂ ပွဲတွင် ၉ ပွဲအထိ ရှုံးနိမ့်ကာ ရလဒ်ဆိုးရွားနေပြီး နည်းပြအန်းဆလော့မှာ ဖိအားများနှင့် ကြုံတွေ့နေရပါတယ်။
လီဗာပူးဟာ ပီအက်စ်ဗွီအား ၄-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံးရလဒ်ကြုံတွေ့နေပါတယ်။ ၎င်းတိုဟာ ပီအက်စ်ဗွီအား ရှုံးနိမ့်ပြီးနောက် ၃ ပွဲဆက် ၃ ဂိုးကွာဟမှုဖြင့် ရှုံးနိမ့်ထားပါတယ်။
ပရိသတ်များ၊ ဘောလုံးဝေဖန်ရေးသမားများဟာ အသင်းရဲ့ တိုက်လိုခိုက်လိုစိတ် နည်းပါးမှု၊ တကိုယ်တော်အမှားများ ပြုလုပ်မှု၊ နွေရာသီတုန်းက ခေါ်ယူခဲ့တဲ့ ကစားသမားများ ခြေစွမ်းမပြနိုင်မှုတို့အပေါ် ဝေဖန်နေကြပါတယ်။
တဖက်တွင် အန်းဆလော့ဟာ ရလဒ်ဆိုးရွားနေပေမယ့်လည်း အနာဂတ်နှင့်ပတ်သက်ပြီး အသင်းပိုင်ရှင်များထံမှ အာမခံချက် ရရှိခဲ့ပါတယ်။
တနင်္ဂနွေနေ့ည ဝက်စ်ဟမ်းနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ဆလော့က "ဒီကို ရောက်လာပြီးတဲ့နောက် ဆွေးနွေးမှုအချို့ လုပ်ခဲ့တယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်။ ကျွန်တော်တို့ သက်သေပြဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဆွေးနွေးမှုက ယခင်တစ်နှစ်ခွဲတုန်းကအတိုင်းပါပဲ"လို့ ပြောကြားသွားပါတယ်။
လီဗာပူးတို့ တနင်္ဂနွေနေ့တွင် လန်ဒန်ကွင်းသို့ သွားရောက်ကာ ရင်ဆိုင်ရမယ့် ဝက်စ်ဟမ်းမှာလည်း အဆင့် ၁၇ နေရာတွင် ရုန်းကန်နေတဲ့အသင်းပါ။ ဝက်စ်ဟမ်းဟာ ဒဏ်ရာပြဿနာများ၊ ခြေစွမ်းဆိုးရွားမှုများနှင့် ကြုံနေရပါတယ်။
ဒါပေမယ့် ဝက်စ်ဟမ်းဟာ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။ တဖက်တွင် လီဗာပူးဟာ သမိုင်းတစ်လျှောက် ဝက်စ်ဟမ်းနှင့် ၁၅၃ ပွဲကြုံတွေ့ထားရာမှာ ၈၆ ပွဲအထိ အနိုင်ရထားပါတယ်။
ဆက်လက်ပြီး အန်းဆလော့က "အခုအချိန်မှာ ဝက်စ်ဟမ်းက အနိုင်ရဖို့ ခက်တဲ့ အသင်းပါ။ ဒီစိန်ခေါ်မှုအတွက် အသင့်ဖြစ်နေအောင် လုပ်သွားပါမယ်။

image