1 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်သို့ ပြောင်းရေး အပြီးသတ်ရန် ယခုရက်ပိုင်းတွင် ဗြိတိန်သို့ ရောက်လာတော့မယ့် ပါရမီရှင် လူငယ်လေး
====================

ပါရမီရှင် ခရစ္စတီယန်အိုရော့ဇ်ကိုဟာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ရေး အပြီးသတ်ရန်အတွက် လာမယ့် ရက်အနည်းငယ်အတွင်းတွင် ဗြိတိန်သို့ ရောက်လာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အပြောင်းအရွှေ့အကြီးအကဲဂျေဆင်ဝဲလ်ကော့စ်ဟာ နိုင်ငံခြားသား လူငယ်ကစားသမားရှာဖွေစုဆောင်းရေးကဏ္ဍရဲ့ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အသက် ၁၇ နှစ်ရှိ ကွင်းလယ်ခံစစ်သမားအား ခေါ်ယူရေး ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။
အိုရော့ဇ်ကိုဟာ နွေရာသီကမှ လက်ရှိ ကလပ် ဖော်တာလီဇာသို့ ပြောင်းလာသူ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ကိုလံဘီယာလူငယ်အသင်းအတွက် ၁၃ ပွဲကစားထားတဲ့ လူငယ်ပါရမီရှင်အား ခေါ်ယူရေးအတွက် အလျှင်အမြန်ပင် အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အိုရော့ဇ်ကိုဟာ အသက် ၁၈ နှစ်ပြည့်မယ့် လာမယ့် ဇူလိုင်လတွင်မှ ယူနိုက်တက်သို့ တရားဝင် ပြောင်းရွှေ့လာပါမယ်။
ယခုအခါ ဆယ်ကျော်သက် ကစားသမားဟာ လာမယ့်ရက်ပိုင်းတွင် အပြောင်းအရွှေ့အပြီးသတ်ရေးအတွက် ဗြိတိန်သို့ ရောက်လာတော့မှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅၅၀၀၀ ပေးခဲ့ရကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ကွင်းလယ်ပြဿနာနှင့် ရင်ဆိုင်နေရတဲ့အသင်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းက Independiente del Valle မှ ကွင်းလယ်ခံစစ်သမားမွိုက်စ်ကိုင်စီဒိုအား ခေါ်ယူရေး အလေးအနက်ထား ကြိုးပမ်းခဲ့ပေမယ့် အေးဂျင့်များစွာ ပါဝင်လုပ်ဆောင်မှုကြောင့် စိတ်ပျက်ခဲ့ရပါတယ်။
ဒါ့အပြင် Independiente del Valle ဘက်က ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅.၅ သန်းတောင်းမှုကြောင့် နောက်ဆုတ်ခဲ့ပါတယ်။ ဒါပေမယ် ကိုင်စီဒိုဟာ ဘရိုက်တန်သို့ ပြောင်းခဲ့ပြီး ယင်းမှ တဆင့် ချဲလ်ဆီးသို့ ပေါင် ၁၁၅ သန်းဖြင့် ပြောင်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ အန်းဂါးတွင် ကစားနေတဲ့ အသက် ၁၉ နှစ်အရွယ် ဘယ်နောက်ခံလူဒန်ဆီနာတီကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။
ဆီနာတီမှာ ယူနိုက်တက်အကယ်ဒမီတွင် ကစားနေတဲ့ မာလီကွင်းလယ်ကစားသမားဆီကူးကိုနေးရဲ့ ကစားဖော် ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ လာမယ့် နွေရာသီတွင် အသင်းရှိ ကစားသမား ၁၁ ဦးအထိ ဖယ်ရှားပြီး အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။

image