22 ပတ် - ဘာသာပြန်ပါ။

ငါးနှစ်ကြာ တွဲလာတဲ့ ချစ်သူကို လန်ဒန်ရှိ ထိပ်တန်းဟိုတယ်တစ်ခုတွင် လက်ထပ်ခွင့်တောင်းလာတဲ့ ဘူကာယိုဆာကာ
=====================

ဘူကာယိုဆာကာဟာ ငါးနှစ်ကြာ လက်တွဲလာတဲ့ ချစ်သူတိုလာမီဘင်ဆန်နှင့် စေ့စပ်လာပြီ ဖြစ်ပါတယ်။
အင်္ဂလန်နှင့် အာဆင်နယ်စတားဟာ လန်ဒန်ရှိ ထိပ်တန်းဟိုတယ်တစ်ခုတွင် ချစ်သူအား လက်ထပ်ခွင့်တောင်းခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ်ရှိ ဆာကာနှင့် တိုလာမီတို့ဟာ ၂၀၂၀ ခုနှစ်ကတည်းက ချစ်ကြိုက်လာခဲ့ကြသူများ ဖြစ်ပါတယ်။
ဆာကာရဲ့ သတင်းအရင်းအမြစ်က "ဘူကာယိုက လက်ထပ်ခွင့်တောင်းဖို့ အစွမ်းကုန်လုပ်ခဲ့တာ။ လက်စွပ်ကိုလည်း လုံးဝ အကြီးကြီး ရွေးခဲ့တာ။ ထိပ်တန်းလန်ဒန်ဟိုတယ်တစ်ခုမှာ အထူးညတစ်ည စီစဉ်ထားခဲ့တာ။ အဲဒီမှာပဲ လက်ထပ်ခွင့်တောင်းခဲ့တယ်။ တကယ့်ကို စပါယ်ရှယ်ညတစ်ညပါ။ တိုလာမီကတော့ လုံးဝ အံ့ဩသင့်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဆာကာနှင့် တိုလာမီတို့ဟာ ၂၀၂၀ ခုနှစ်တွင် စတင်ချစ်ကြိုက်ပြီးနောက် လူသိရှင်ကြား တွဲလာကြပါတယ်။
တိုလာမီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကာတာသို့အထိ လိုက်ပါကာ ဆာကာအား အားပေးခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ဆာကာ ပထမဆုံးဝတ်ဆင်တဲ့ ကျောနံပါတ် ၈၇ ပါ အင်္ကျီနက်အား ဝတ်ဆင်အားပေးခဲ့ပါတယ်။
ဟတ်ဖီးလ်တွင် မွေးဖွားတဲ့ တိုလာမီဟာ ဘာမင်ဂမ်တက္ကသိုလ်တွင် Public Relations and Media ကို လေ့လာသင်ယူခဲ့သူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် သူမဟာ အကြီးတန်းစီမံကိန်းရေးဆွဲရေးအမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

image