23 ပတ် - ဘာသာပြန်ပါ။

မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အားဖြည့်မည်
‎------------------------

‎မြန်မာ-တရုတ်နှစ်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုအားဖြည့်ပြီး ခေတ်မီဖွံဖြိုးတိုးတတ်တဲ့ လမ်းကြောင်း ပေါ်ကို လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စချောင်ကျင်းက ပြောပါတယ်။
‎နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar ISIS) ရုံးမှာ ကျင်းပတဲ့ “(၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့် လာမည့်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ” ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
‎မစ္စချောင်ကျင်းက တရုတ်နိုင်ငံရဲ့ လာမဲ့ (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်းဟာ ကမ္ဘာနဲ့ မြန်မာနိုင်ငံအတွက် အရေး ပါမှုကို အလေးပေးဖော်ပြပြီး တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ရရှိရေး၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုး တက်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု မြှင့်တင်ရေး စတဲ့ ကဏ္ဍတွေမှာ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိက အခွင့်အလမ်းတွေ ရှာဖွေပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
‎ဒါ့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုဟာ ခိုင်မာတဲ့အခြေခံအုတ်မြစ်ဖြစ်ပြီး ခေတ်မီတိုးတက် ရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတွေနဲ့ အတွေ့အကြုံတွေက နှစ်နိုင်ငံပြည်သူတွေအကျိုးအတွက် လာမဲ့ငါးနှစ်အတွင်း ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာဖို့ မျှော်လင့်တယ်လို့လည်း MISIS ဥက္ကဋ္ဌ ဦးသန့်ကျော်က ပြောကြားခဲ့ပါတယ်။
‎ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD)နဲ့ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စချောင်ကျင်းနဲ့ MISIS ဥက္ကဋ္ဌ ဦးသန့်ကျော် အပါ အဝင် ကိုယ်စားလှယ်တွေ၊ နှစ်နိုင်ငံအစိုးရတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ၊ မီဒီယာတွေနဲ့ စီးပွားရေးအသိုက်အဝန်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
‎ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ (၁၅)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကိုအခြေခံပြီး နောက်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ်တွေကို ဆွေးနွေးပွဲ တက်ရောက်လာသူတွေက တစ်ဦးချင်း အလိုက် ဆွေးနွေးခဲ့ကြပါတယ်။

image