23 ပတ် - ဘာသာပြန်ပါ။

နေပြည်တော်၌ သိပ္ပံပွဲတော် ၂၀၂၅ နှစ်ရက်တာ ကျင်းပခဲ့
----------------------

သိပ္ပံပွဲတော်၂၀၂၅ (Science Festival 2025)ကို နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU)မှာ နိုဝင်ဘာ(၂၄) ရက်နဲ့(၂၅)ရက် နှစ်ရက်တာ ကျင်းပခဲ့တယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကနေ သိရပါတယ်။ ပွဲတော်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” တို့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
ပွဲတော်နှစ်ရက်တာအတွင်း အခြေခံပညာ ကျောင်းသား/ကျောင်းသူတွေအတွက် နျူကလီးယားဆိုင်ရာ ဉာဏ်စမ်း ဂိမ်း ယှဉ်ပြိုင်မှုတွေ ပြုလုပ်ပြီး Oliver Stone “Nuclear Now” ၊ “ATOM Egypt ENG Master” နဲ့ “The City Falls Asleep” အစရှိတဲ့ မှတ်တမ်းရုပ်ရှင်တိုတွေပြသတာ၊ “Nuclear Technology in Everyday Life5” ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးတာ၊ နျူကလီးယားဆိုင်ရာ အသိပညာတွေမျှဝေပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို သိပ္ပံပွဲတော်ကျင်းပတဲ့အတွက် အခြေခံပညာအဆင့်ကနေ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေနဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့လူငယ်ပညာရှင်တွေအထိ နျူကလီးယားပညာရပ် အပါအဝင် သိပ္ပံ ဆိုင်ရာ အသိအမြင်တွေ၊ အတွေ့အကြုံဗဟုသုတတွေ တိုးပွားလာစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လူငယ်ထုအတွင်း သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းတွေ လေ့လာစူး စမ်းလိုစိတ် ဖြစ်ပေါ်လာ စေတာ၊ ပညာရေးကဏ္ဍမှာ လူငယ်တွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်တာ၊ နိုင်ငံအတွင်း နျူကလီးယား စွမ်းအင်ဆိုင်ရာ အသိပညာတွေ ပြန့်ပွားလာမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ သိပ္ပံနဲ့ နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ များစွာအထောက်အကူပြုနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသိပ္ပံပွဲတော်ကို ရန်ကုန်မြို့ နည်းပညာတက္ကသိုလ်နဲ့ နျုကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ တွေမှာလည်း နိုဝင်ဘာ(၂၇)ရက်ကနေ (၂၈)ရက်အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image