1 ပတ် - ဘာသာပြန်ပါ။

လူစာရင်းအပြောင်းအလဲ လုပ်မှုအပေါ် ဂွါဒီယိုလာ ကာကွယ်
-------------------------

လေဗာကူဆင်ကို ရှုံးတဲ့ချန်ပီယံလိဂ်ပွဲမှာ အသင်းပွဲထွက်စာရင်းကို ၁၀ နေရာအထိ ပြောင်းလဲခဲ့ရတဲ့အကြောင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရှင်းလင်းခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၁၈ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စု အဆင့်နဲ့ ပုံစံသစ်ချန်ပီယံလိဂ်ပြိုင်ပွဲ လိဂ်အဆင့် အိမ်ကွင်းပွဲမှာ ပထမဆုံးရှုံးနိမ့်မှုလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီး အိမ်ကွင်းမှာ လေဗာကူဆင်အသင်းက ဂရီမယ်ဒို၊ ပက်ထရစ်ရှစ်ခ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပြီး မန်စီးတီး ဟာ အခုရာသီ ချန်ပီယံလိဂ် ရပ်တည်မှုမှာ အဆင့် ၆ နေရာအထိ ဆင်းပေးလိုက်ရပါတယ်။
နည်းပြ ဂွါဒီယိုလာက လေဗာကူဆင်အသင်းနဲ့ပွဲထွက်စာရင်းမှာ နယူးကာဆယ်နဲ့ပွဲက ပွဲထွက်စာရင်းကို ၁၀ နေရာ လောက်အထိ အပြောင်းအလဲ ပြုလုပ်ထားခဲ့တာဖြစ်ပြီး အခုပွဲရှုံးနိမ့်မှုက လူစာရင်းအပြောင်းအလဲကြောင့် ဖြစ် တယ်လို့ ဝေဖန်နေ ကြတာဖြစ်ပါတယ်။ ကစားသမားတွေကို ပွဲကစားခွင့်ရစေချင်တဲ့ အကြောင်းပြချက်နဲ့ အခုလို မျိုး ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ၁၀ နေရာလောက်အထိ အပြောင်းအလဲက များလွန်းသလို သူ့ရဲ့နည်းပြဘဝ ပထမဆုံး အကြိမ် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဂွါဒီယိုလာက ရှင်းလင်းသွားခဲ့ပါတယ်။
မန်စီးတီးအသင်း ဟာ ချန်ပီယံလိဂ် လိဂ်အဆင့် အုပ်စုလက်ကျန် ၃ ပွဲအဖြစ် ရီးရဲလ်၊ ဘိုဒို၊ ဂါလာတာစာရေး အသင်းတွေနဲ့ ကစားရဖို့ ကျန်နေပြီး လက်ကျန်ပွဲတွေ အတွက် သေချာအာရုံစိုက်ပြင်ဆင်ရတော့မှာဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

image