7 ရက် - ဘာသာပြန်ပါ။

(၃၆)နှစ်ရှိပြီဖြစ်ပေမဲ့ ခံစားမှုကောင်းမွန်နေဆဲပဲလို့ အူဘာမီယန်း ပြောကြား

မာဆေးလ်အသင်းရဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းက အသက်(၃၆)နှစ်ရှိပြီဖြစ်ပေမဲ့ ဘောလုံးကစားရတာ ခံစားမှုကောင်းမွန်နေဆဲပဲလို့ နယူးကာဆယ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မာဆေးလ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ဂိုးစလုံးကို အူဘာမီယန်းက သွင်းယူခဲ့တာပါ။
ဒါကြောင့် အူဘာမီယန်းရဲ့ ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက် (၄၀၀)ပြည့်သွားခဲ့ပြီး အာဖရိကကစားသမားတွေထဲမှာ ပထမဆုံးစွမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
''ဒီညလို ပျော်စရာအခိုက်အတန့်တွေ ရှိနေတာကြောင့် ဒီအသင်းမှာ ကျွန်တော် အရမ်းပျော်နေပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အစပိုင်းမှာ ကျွန်တော်တို့ လျော့တိလျော့ရဲဖြစ်ခဲ့ပေမဲ့ ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။ (၃၆)နှစ်ရှိနေတာတောင် ကျွန်တော့်ရဲ့ခံစားမှုက ကောင်းမွန်နေဆဲပါပဲ။ နောက်တစ်ဆင့်တက်ဖို့ ကျွန်တော်တို့ ပွဲများစွာ အနိုင်ရဖို့ လိုပါတယ်'' လို့ အူဘာမီယန်းက ပြောကြားခဲ့ပါတယ်။
အူဘာမီယန်းဟာ အာဆင်နယ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး မာဆေးလ်အသင်းနဲ့ ဒီရာသီမှာ ဒုတိယအကြိမ်ပြန်လည်လက်တွဲခြင်းဖြစ်ကြောင်း သိရပါတယ်။

image