7 ရက် - ဘာသာပြန်ပါ။

ဂျိုရှူအာဗန်ပွဲကို အောင်လအန်ဆန် သွားရောက်အားပေးမယ်

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာဟောင်း အောင်လအန်ဆန်က UFC - 323 ပြိုင်ပွဲမှာ ထိုးသတ်မယ့် ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှူအာဗန်ပွဲကို သွားရောက်အားပေးမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောကြားလာပါတယ်။
အောင်လအန်ဆန်က "ကျွန်တော် ဂျိုရှူအာဗန်ရဲ့ အတောက်ပဆုံးဖြစ်လာမယ့်အချိန် (ချန်ပီယံခါးပတ်ကိုင်မြောက်ခွင့်ကိုဆိုလို) ကို မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်တို့အားလုံး သူ့ကို ချစ်ကြတယ်။ သူ့ကို ဂုဏ်ပြုကြမယ်။ ကျွန်တော်ကတော့ သူ့ပွဲကို လပ်ဗီးဂတ်စ်အထိ သွားရောက်အားပေးမှာပါ" လို့ ပို့စ်တင်ရေးသားခဲ့တာဖြစ်ပါတယ်။
ဂျိုရှူအာဗန်ဟာ UFC- 323 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာနဲ့ ဒုခေါင်တွဲဆိုင်းအဖြစ် ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။
UFC- 323 ပြိုင်ပွဲကို လာမယ့်ဒီဇင်ဘာ (၆) ရက်မှာ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လပ်ဗီးဂတ်စ်ရှိ T- Mobile Arena မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

image