ယနေ့ည အိုလံပီယာကို့စ်နှင့်ပွဲကို ရီးရဲလ်မက်ဒရစ်ရဲ့ ဟွိုက်ဆန်နှင့် ကော့တွိုက်စ်တို့ လွဲချော်မည်
====================

ရီးရဲလ်မက်ဒရစ်ဟာ ယနေ့ည အိုလံပီယာကို့စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် သီဘောက်ကော့တွိုက်စ်နှင့် ဒိန်းဟွိုက်ဆန်တို့ မပါဝင်လာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံနေရပါတယ်။
အသက် ၃၃ နှစ်ရှိ နံပါတ်တစ် ဂိုးသမားကော့တွိုက်စ်မှာ အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်းတို့ကြောင့် ယနေ့ည Georgios Karaiskakis Stadium တွင် ကစားရမယ့်ပွဲစဉ်မှာ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် El Desmarque ရဲ့ ဖော်ပြလာမှုအရ ကော့တွိုက်စ်ဟာ အင်္ဂါနေ့တုန်းက အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း ယခုအပတ်အကုန် ဂီရိုနာနှင့် ရင်ဆိုင်ရမယ့် လာလီဂါပွဲမှာတော့ ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ကောတွိုက်စ် အနားယူလာရမှုနှင့်အတူ ဇာဗီးအလွန်ဆိုဟာ ယူကရိန်းဂိုးသမားအင်ဒရီလူနန်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုလာပါမယ်။ အလွန်ဆိုဟာ ယခုရာသီ လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲအားလုံးတွင် ကော့တွိုက်စ်ကို ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုလာခဲ့တာပါ။ ဒါပေမယ့် လူနန်မှာ ကော့တွိုက်စ် အနားယူနေရမှုနဲ့အတူ အခွင့်အရေး ရရှိလာပြီလည်း ဖြစ်ပါတယ်။
လူနန်ဟာ အသက် ၁၉ နှစ်အရွယ် ၂၀၁၈ ခုနှစ်တုန်းက ကော့တွိုက်စ်နှင့်အတူ ရီးရဲလ်မက်ဒရစ်သို့ ရောက်လာသူ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိ ဂိုးသမားဟာ ၂၀၂၃-၂၄ ရာသီတွင် ကာလိုအန်ဆယ်လော့တီလက်အောက်တွင် ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားတို့ ရရှိအောင် အဓိကနေရာမှ စွမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ယနေ့ညပွဲစဉ်ကို ကော့တွိုက်စ်အပြင် ဗဟိုနောက်ခံလူဒိန်းဟွိုက်ဆန်မှာလည်း လွဲချော်လာပါမယ်။ ကြံ့ခိုင်မှု ပြဿနာနှင့် ရင်ဆိုင်ရကာ စပိန်အသင်းမှ နုတ်ထွက်ခဲ့ရတဲ့ ဟွိုက်ဆန်မှာလည်း ယနေ့ညပွဲစဉ်ကို လွဲချော်လာပါမယ်။
အလွန်ဆိုဟာ ဟွိုက်ဆန်အပြင် အန်တိုနီယိုရူဒီဂါ၊ ဒေးဗစ်အလာဘာ၊ အီဒါမီလီတာအိုတို့မှာလည်း အနားယူနေရမှုနဲ့အတူ ဗဟိုခံစစ်အတွက် ကြံ့ခိုင်မှုပြည့်ဝသူအဖြစ် ရအူးလ်အဆန်စီယိုတစ်ဦးတည်းသာ ရှိပါတော့တယ်။
အလွန်ဆိုဟာ အိုလံပီယာကို့စ်နှင့်ပွဲတွင် ဗဟိုခံစစ်မှာ အဆန်စီယိုအား အယ်ဗာရိုကာရီရက်စ်အား အသုံးပြုလာနိုင်ပါတယ်။ အလွန်ဆိုဟာ ဘယ်နောက်ခံလူကာရီရက်စ်အား ဗဟိုခံစစ် ဘယ်နောက်ခံလူအဖြစ် အသုံးပြုထားပြီးလည်း ဖြစ်ပါတယ်။

image