ယခုဘဏ္ဍာနှစ် ခုနစ်လတာအတွင်း ပြည်ပသို့ငါး မက်ထရစ်တန် ၁၆၀၀၀၀ ကျော် တင်ပို့

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာတွင် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ၃၁ ရက်အထိ ခုနစ်လတာကာအတွင်းg;မက်ထရစ်တန် ၁၆၀၀၀၀ ကျော် တင်ပို့ထားပြီး ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပုံမှန်ကုန်သွယ်မှု ပင်လယ်ရေကြောင်းမှ ငါးမက်ထရစ်တန် ၈၅၇၅၆ ဒသမ ၉၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်း၊နယ်စပ်ကုန်သွယ်ရေးမှ ငါးမက်ထရစ်တန် ၇၉၃၅၂ ဒသမ၄၇၇ တန်တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၅၁သန်း ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ငါးအပါအဝင် အခြားရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ခုနစ်လတာကာလအတွင်း ရေထွက်ကုန် စုစုပေါင်း မက်ထရစ်တန် ၂၃၄၁၀၇ ဒသမ ၀၈၆ တန်တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိတွင် ပြည်တွင်းမှ ထွက်ရှိသည့် ငါး၊ ပုစွန်စသည့် ရေထွက်ကုန် ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျပန် စသည့် ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

image