ယာဉ်များ၌ အခြားနံပါတ်ပြားနှင့်ဆူညံကိရိယာတပ်လျှင် အရေးယူမည်
-----------------------

မော်တော်ယာဉ်တွေမှာ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားတဲ့ မော်တော်ယာဉ်နံပါတ် ပြားမဟုတ်ဘဲ တခြားနံပါတ်ပြားတွေ တပ်ဆင်တာနဲ့ ဆူညံသံဖြစ်ပေါ်စေတဲ့ ကိရိယာတွေ တပ်ဆင်အသုံးပြုတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်တွေကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က အသိပေးကြေညာ ထားပါတယ်။
ဒါ့အပြင် မူလနံပါတ်ပြားကို အလှဆင်ပြုပြင်ထားတဲ့ နံပါတ်ပြားတွေ တပ်ဆင်တာ၊ အလှဆင်နံပါတ်ပြားတွေ တပ်ဆင်တာတွေကိုလည်း မပြုလုပ်ဖို့ အသိပေးထားပါတယ်။
အလားတူ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေနဲ့ သုံးဘီးတပ်ယာဉ်တွေမှာ အသံပိုမိုကျယ်လောင်စေဖို့ အသံထိန်းကိရိယာတွေ ပြောင်းလဲတပ်ဆင်တာ၊ အသံထိန်းကိရိယာတွေဖြုတ်ပြီး မောင်းနှင်တာ၊ ဆူညံသံ ဖြစ်ပေါ်စေတဲ့ ကိရိယာတပ်ဆင် အသုံးမပြုကြဖို့နဲ့ တပ်ဆင်အသုံးပြုတဲ့ မော်တော်ယာဉ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ကြေညာထားပါတယ်။

image