1 ပတ် - ဘာသာပြန်ပါ။

ကျောက်မျက်ရတနာပြပွဲ နဝမနေ့အထိ ပုလဲအတွဲ(၄၄၃)တွဲ၊ ကျောက်မျက်အတွဲ(၆၇)တွဲ ကျောက်စိမ်းအတွဲ(၃၅၀၀)ကျော် ရောင်းချထားရ

အကြိမ်(၆၀)မြောက်ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ လုပ်ဆောင်နေပြီး ပြပွဲ နဝမမြောက်နေ့ အဖြစ် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့က ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၇၁၇)တွဲ ထပ်မံရောင်းချခဲ့ရကြောင်း သိရသည်။
နဝမမြောက်နေ့အထိ ပုလဲအတွဲပေါင်း(၄၄၃)တွဲ ကျောက်မျက်အတွဲပေါင်း (၆၇)တွဲ ၊ အုပ်စု(အေနှင့်ဘီ) မှ ကျောက်စိမ်းအတွဲပေါင်း (၂၁၁၀) နှင့် အုပ်စီစီမှ ကျောက်စိမ်းအတွဲပေါင်း(၁၄၁၂)တွဲ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးထားနိုင်ကြောင်းလည်း သိရသည်။
နိုင်ငံခြားဝင်ငွေရှာဖွေနိုင်ရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နှစ်စဉ်ကျင်းပနေခြင်းလည်းဖြစ်ကြောင်း သိရသည်။
ပြပွဲ ဒသမနေ့ အဖြစ် ယနေ့ အတွက် အုပ်စုစီ မှ ကျောက်စိမ်းအတွဲ အမှတ်(၄၄၀၁) မှ (၅၀၈၅)ထိ ပို ရောင်းချမည်ဖြစ်ပြီး ရတနာကုန်သည်များက ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံများအတွင်း ထည့်သွင်းပြီး ညနေပိုင်း၌ ရောင်းချမှုများကို ဆက်လက်ကြေညာပေးမည်ဖြစ်သည်။

image