1 ပတ် - ဘာသာပြန်ပါ။

ကစားသမား(၁၀)ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တာဟာ အလွန်များပြားခဲ့တယ်လို့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လေဗာကူဆင်အသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကစားသမား(၁၀)ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တာဟာ အလွန်များပြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ ကစားသမားတွေထဲက နီကိုဂွန်ဇာလက်ဇ်တစ်ဦးတည်းကိုသာ လေဗာကူဆင်နဲ့ပွဲမှာ ပွဲထွက်အသုံးပြုခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လေဗာကူဆင်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် အိမ်ကွင်းမှာ ရှုံးနိမ့်တာဟာ ၂၀၁၈ နောက်ပိုင်း ပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
''အပြောင်းအလဲတွေ များသွားပါတယ်။ ရလဒ်ကို ကြည့်ရင် အပြောင်းအလဲတွေ များသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကို ကျွန်တော် တာဝန်ယူပါတယ်။ ဒါပေမဲ့ ပါဝင်ကစားခဲ့သူတိုင်းကို ကျွန်တော် သဘောကျပါတယ်။ ခင်ဗျားက ဘောလုံးသမားတစ်ယောက် ဖြစ်မယ်ဆိုရင် ငါးပွဲ၊ ခြောက်ပွဲ၊ ခုနစ်ပွဲ မကစားရတာက ခက်ခဲပါတယ်။ ဒီလိုလုပ်ခဲ့တာ ကျွန်တော့်ဘဝမှာ ပထမဆုံးပါ'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဒီပွဲက ဂွါဒီယိုလာအတွက် မန်စီးတီးနည်းပြဘဝ ချန်ပီယံလိဂ်ပွဲ(၁၀၀)မြောက်ဖြစ်ပြီး အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အသင်းရဲ့ရပ်တည်မှုက ကောင်းမွန်နေဆဲဖြစ်တယ်လို့လည်း ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

image