1 ပတ် - ဘာသာပြန်ပါ။

ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်တဲ့ အဲရစ်ဂါစီယာ
====================

အဲရစ်ဂါစီယာဟာ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု အပြီးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ စပိန်နောက်ခံလူဟာ ယခုရာသီတွင် ဟန်ဆီဖလစ်လက်အောက်တွင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားခွင့်ရနေသူ ဖြစ်ပြီး ပွဲချိန်အများဆုံးကစားခွင့်ရသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
Mundo Deportivo က အသက် ၂၄ နှစ်ရှိ ဂါစီယာဟာ ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု ပြုလုပ်လာခဲ့ရာ ယခုအခါ နောက်ဆုံး အပြီးသတ်နိုင်တော့မယ့် အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။
မန်စီးတီးနောက်ခံလူဟောင်းရဲ့ လက်ရှိ စာချုပ်မှာ ရာသီအကုန်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီလမှ စတင်ကာ နိုင်ငံခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိနေသူလည်း ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အန်းနရစ်ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှု ရရှိပေမယ့်လည်း ဘာစီလိုနာတွင် ပျော်ရွှင်နေမှုနှင့်အတူ ယင်းတွင်ပင် ဆက်ကစားရန် ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘာစီလိုနာကလည်း အဲရစ်ဂါစီယာကို အသင်းရဲ့ အုတ်မြစ်အဖြစ် ယူဆထားသလို အနာဂတ် အသင်းခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ထားပါတယ်။

image