1 ပတ် - ဘာသာပြန်ပါ။

စံချိန်တင် အနီကတ်ပြစ်ဒဏ်အတွက် ၃ ပွဲပယ်နှင့် ယူရို ၁၅၀၀၀ ဒဏ်ရိုက်ခြင်းခံလာရတဲ့ မိန့်ဇ်စတား
==================

မိန့်ဇ်နောက်ခံလူဒိုမီနစ်ခ်ခိုးလ်ဟာ သောကြာနေ့တုန်းက ဟော်ဖန်ဟိမ်းနှင့်ပွဲစဉ်တွင် မက်စ်မိုအာစတက်အား ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့မှုအတွက် ဘွန်ဒက်စ်လီဂါ ၃ ပွဲပယ်နှင့် ယူရို ၁၅၀၀၀ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
နောက်ခံလူဟာ တစ်ဂိုးစီသရေကျတဲ့ ယင်းပွဲစဉ်ရဲ့ နှောင်းပိုင်းတွင် အလွန်အန္တရာယ်များတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် တိုက်ရိုက် အနီကတ်ပြထုတ်ပယ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
သူဟာ ယင်းပွဲအပြီးတွင် အနီကတ်ပြစ်ဒဏ်အတွက် ချက်ချင်းပင် တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
အစောပိုင်းတုန်းက သူဟာ ယင်းဆိုးရွားတဲ့ ဖျက်ထုတ်မှုအတွက် ပွဲရှည်ပွဲပယ်ခံရမယ်လို့ ယူဆထားရပေမယ့်လည်း ၃ ပွဲပယ်သာ ခံလာရပါတယ်။ တကယ်လို့များ သူဟာ ၄ ပွဲပယ်ခံလာရမည်ဆိုပါက ၂၀၂၅ ခုနှစ် လက်ကျန် ဘွန်ဒက်စ်လီဂါပွဲအားလုံးကို လွဲချော်လာပါမယ်။
သူဟာ ၃ ပွဲပယ်သာ ခံလာရမှုနှင့်အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ စိန့်ပေါ်လီနှင့် ပွဲစဉ်တွင် ပြန်လည် ကစားလာနိုင်ဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ ဘွန်ဒက်စ်လီဂါပွဲပယ်ခံထားရစဉ်အတွင်း မိန့်ဇ်ရဲ့ ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်ပွဲစဉ်များတွင်လည်း ပါဝင်ကစားလာနိုင်ပါဦးမယ်။
သူဟာ ယင်းအနီကတ်ကြောင့် အနီကတ် ၉ ကတ်ဖြင့် ဘွန်ဒက်စ်လီဂါသမိုင်းတွင် အနီကတ်အများဆုံးကစားသမားအဖြစ် ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးလည်း ပိုင်ဆိုင်လာပါတယ်။
သူဟာ ယခုရာသီတွင် ဒုတိယမြောက် အနီကတ်ပြသခံလာရတာဖြစ်ပြီး မိန့်ဇ် ကစားသမားဘဝအတွင်းတွင် ၆ ကြိမ်မြောက် အနီကတ်ပြသခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

image