1 ပတ် - ဘာသာပြန်ပါ။

၂၀၂၄ တောင်အမေရိကဖလားဗိုလ်လုပွဲဖြစ်ရပ်အတွက် ပရိသတ်များကို နစ်နာကြေး ဒေါ်လာ ၁၄ သန်းပေးလာမယ့် ပွဲစီစဉ်သူ
=======================

၂၀၂၄ တောင်အမေရိကဖလားဗိုလ်လုပွဲဖြစ်ရပ်အတွက် ပွဲစီစဉ်သူများနှင့် ကွင်းတာဝန်ခံများဟာ ပရိသတ်များကို နစ်နာကြေး ဒေါ်လာ ၁၄ သန်းပေးရန် သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ယင်းဗိုလ်လုပွဲအတွက် လက်မှတ်ကိုင်ဆောင်ထားတဲ့ ပရိသတ်များဟာ Hardrock Stadium တွင် ကစားတဲ့ ယင်းပွဲစဉ်တွင် လုံခြုံရေးပြဿနာများကြောင့် ကွင်းအတွင်း ဝင်ရောက်ခွင့် မရရှိပြီးနောက် တရားစွဲဆိုလာခဲ့ကြတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ကစားတဲ့ ဗိုလ်လုပွဲကို ဝင်ကြည့်ခွင့်မရမှုနှင့်အတူ ပရိသတ်များဟာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်အပြင် Best Security ၊ South Florida Stadium LLC (Hard Rock Stadium ပိုင်ရှင်)တို့အား တရားစွဲဆိုလာတာလည်း ဖြစ်ပါတယ်။
ယခုအခါ ပွဲစီစဉ်သူများနှင့် ကွင်းတာဝန်ခံများက ဗိုလ်လုပွဲသို့ သွားရောက်ကြည့်ရှုခွင့် မရမှုအတွက် တရားစွဲဆိုသူ ပရိသတ်များအား နစ်နာကြေးအဖြစ် ဒေါ်လာ ၁၄ သန်းပေးရန် တရားရုံးပြင်ပတွင် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ခွင့် မရမှုကြောင့် ပွဲကို ၈၂ မိနစ်အထိ ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယင်းပွဲမတိုင်မီ ကွင်းပြင်ပတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပရိသတ်များလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ယင်းဖြစ်ရပ်ကြောင့် လက်မှတ်ပိုင်ဆိုင်ထားတဲ့ ပရိသတ်အမြောက်အမြားတို့မှာ ကွင်းအတွင်းသို့ ဝင်ခွင့်မရခဲ့သလို တချို့လည်း ဝင်ရန် ခက်ခဲမှုကြောင့် အိမ်လှည့်ပြန်သွားခဲ့ကြပါတယ်။
ယခုအခါ ပွဲစီစဉ်သူများနှင့် ကွင်းတာဝန်ခံတို့က ကွင်းအတွင်းဝင်ခွင့်မရခဲ့တဲ့ ပရိသတ်တစ်ဦးစီလျှင် နစ်နာကြေး ဒေါ်လာ ၂၀၀၀ နှုန်း၊ ခရီးစရိတ် ဒေါ်လာ ၃၀၀ ပေးကာ စုစုပေါင်း ဒေါ်လာ ၁၄ သန်းပေးလာပါမယ်။

image