မဲခွဲစနစ် အပြောင်းအလဲ ပြုလုပ်ကာ ပထမဆုံးအကြိမ်ဆီဒင်စနစ် သုံးလာမှာ ဖြစ်လို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်မှ စပိန် (သို့မဟုတ်) အာဂျင်တီးနားနှင့် တွေ့လာမယ့် အင်္ဂလန်
=====================
ဖီဖာဟာ ကမ္ဘာ့ဖလားမဲခွဲမှု ပြုလုပ်ရာတွင် ဝင်ဘာလေစတိုင် ဆီဒင်စနစ်ကို ပထမဆုံး အကြိမ် အသုံးပြုလာမှာလည်း ဖြစ်ပါတယ်။
ယင်းသို့ ဆီဒင်စနစ် အသုံးပြုလာမှုနှင့်အတူ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ လာမယ့် နှစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတွင် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နှစ် ၆၀ နာကျင်လာခဲ့ရမှုအား အဆုံးသတ်နိုင်ရေး ကောင်းမွန်တဲ့ အခွင့်အရေးကောင်းကြီး ပိုင်ဆိုင်လာပါတယ်။
ဖီဖာဟာ ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံး ၄ သင်းတို့ လေးနေရာစီ ခွဲကာ နေရာချလာမှာ ဖြစ်ပြီး ယင်းအသင်းတိုဟာ ပထမအဆင့်ကို ကျော်ဖြတ်လာနိုင်ပါက ဆီမီးဖိုင်နယ်သို့ ရောက်တဲ့အထိ ထိပ်တိုက်တွေ့လာကြမှာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း ထိပ်တန်းဆီဒင် ရရှိလာကြမယ့် စပိန်နှင့် အာဂျင်တီးနားတို့မှာ ဗိုလ်လုပွဲသို့ ရောက်တဲ့အထိ ထိပ်တိုက်တွေ့လာမှာ မဟုတ်ပါဘူး။ အင်္ဂလန်မှာလည်း ဇူလိုင်လ ၁၉ ရက်နေ့ နယူးယောက် အပြင်ဘက်ရှိ MetLifte Stadium ကွင်းတွင် ကစားမယ့် ဗိုလ်လုပွဲသို့ ရောက်မှသာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် ပြင်သစ်နှင့် ထိပ်တိုက်တွေ့နိုင်ပါမယ်။
တဖက်တွင် အင်္ဂလန်အသင်းအနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်ရေးအတွက် ဆီမီးဖိုင်ယ်တွင် စပိန်(သို့မဟုတ်) အာဂျင်တီးနားနှင့် ရင်ဆိုင်ကျော်ဖြတ်ရပါမယ်။ ဒါ့အပြင် ၎င်းတို့အနေဖြင့် ကွာတားဖိုင်နယ်တွင် ပေါ်တူဂီ၊ ဂျာမနီ၊ ဘရာဇီး (သိ့မဟုတ်) နယ်သာလန်တို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။
ဖီဖာရဲ့ ယခုကဲ့သို့ ထိပ်တန်းဆီဒင်အဆင့် သတ်မှတ်ပြီး မဲခွဲလာမှုက ဆီဒင်ရ အသင်းကြီး ၄ သင်းအတွက် ချန်ပီယံဖြစ်နိုင်ခြေ ပိုများလာစေပါတယ်။
ဖီဖာဟာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း ၄၈ သင်းအား ၄ သင်းစီဖြင့် ၁၂ အုပ်စု မဲခွဲလာပါမယ်။
ဖီဖာဘက်က မဲခွဲစနစ်အား အပြောင်းအလဲ လုပ်လာမှုနှင့်အတူ အင်္ဂလန်ဟာ အုပ်စုအဆင့်မှာပင် စကော့တလန် သို့မဟုတ် အာလင်းဟာလန်းရဲ့ နော်ဝေနှင့်လည်း ရင်ဆိုင်ရနိုင်ပါတယ်။
အစောပိုင်းတုန်းက ဖီဖာဟာ ဥရောပမှ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာတဲ့ အသင်း ၁၂ သင်းအား အုပ်စု ၁၂ ခုစီတွင် ထည့်သွင်းရန် စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် ဖီဖာဟာ ဖီဖာကမ္ဘာ့အဆင့်အပေါ် မူတည်ပြီး ဆီဒင်ခွဲပြီး မဲခွဲလာမှုနှင့်အတူ တစ်တိုက်တည်းမှ အသင်းတွေလည်း အုပ်စုအဆင့်မှာ တွေ့ဆုံလာနိုင်ပါတယ်။
အင်္ဂလန်မှာ လက်ရှိ ထိပ်တန်းဆီဒင်အသင်းများထဲတွင် ပါဝင်ပြီး ဖီဖာအဆင် ထိပ်ဆုံး ၉ သင်း၊ အိမ်ရှင် ၃ သင်း(အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို)တို့နှင့် အုပ်စု ၁၂ ခုကို ဦးဆောင်လာပါမယ်။
ကျန်ခြေစစ်ပွဲအောင် ၄၂ သင်းက ဖီဖာကမ္ဘာအ့ဆင့်အပေါ် မူတည်ပြီး မဲခွဲခံလာရပါမယ်။
ဒါကြောင့်လည်း ခရိုအေးရှား၊ ဆွစ်ဇာလန်၊ ဩစတြီးယားတို့က မဲအိုး (၂)တွင်လည်းကောင်း၊ နော်ဝေ၊ စကော့တလန်တို့က မဲအိုး (၃)တွင် ရပ်တည်ကြရပါမယ်။
ဒါကြောင့်လည်း ဆီဒင် ရရှိကာ အုပ်စုကို ဦးဆောင်လာကြမယ့် အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ပြင်သစ် (သို့မဟုတ်) ဘယ်လ်ဂျီယံတို့ဟာ မဲအိုး(၂)မှ ခရိုအေးရှား၊ ဆွစ်ဇာလန်၊ ဩစတြီးယားတို့နှင့် တွေ့လာနိုင်သလို မဲအိုး (၃)မှ စကောတ့လန် (သို့မဟုတ်) နော်ဝေနှင့်လည်း တွေ့ဆုံလာနိုင်ပါတယ်။
အစောပိုင်းတုန်းက ဘရာဇီး (သို့မဟုတ်) အာဂျင်တီးနားနှင့် တစ်အုပ်စုတည်း ကျနိုင်ခြေ ရှိနေတဲ့ စကော့တလန်မှာ လက်ရှိ မဲခွဲမှု စနစ်အရ စပိန်(သို့မဟုတ်) ပြင်သစ်နှင့် ရင်ဆိုင်ရနိုင်ခြေများလာပါတယ်။
ယခု မဲခွဲမှုစနစ်က ဆီဒင်ရ ထိပ်ဆုံး ၄ သင်းက မျှော်မှန်းထားတဲ့အတိုင်း နိုင်ပွဲ ရရှိပြီး ရှုံးထွက်အဆင့်သို့ တက်မှသာ အလုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ တကယ်လို့များ မျှော်လင့်ထားသလို မဖြစ်လာပါက ရှုံးထွက်အဆင့်များတွင် ဟန်ချက်မညီတဲ့ ပွဲမျိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
တဖက်တွင် လက်ရွေးစင်အသင်းများအနေဖြင့် ရှုံးထွက်အဆင့်တွင် တွေ့ဆုံနိုင်ခြေ ရှိတဲ့ ပြိုင်ဘက်များနှင့်ပတ်သက်ပြီး ပြင်ဆင်ဖို့ အချိန်များစွာ ရရှိလာပါမယ်။