ယူကရိန်းဆွေးနွေးပွဲ တိုးတက်မှုရှိဟု မာကိုရူဘီယို ပြော
-----------------------

ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်ကြားဝင်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ အပြီးသတ်ဆွေးနွေးမှုတွေမှာ "ကြီးမားထင်ရှားတဲ့တိုးတက်မှု"တွေ ရရှိထားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဂျနီဗာမြို့မှာရောက်နေတဲ့ ညှိနှိုင်းရေးအဖွဲ့တွေဟာ အလွန်ကောင်းမွန်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ပါ။ ဒါပေမဲ့ တချို့ကိစ္စရပ်တွေ ပြီးမြောက်ဖို့ ကျန်သေးတယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ယူကရိန်း၊ ဥရောပ စေ့စပ် ညှိနှိုင်းသူတွေနဲ့ တွေ့ဆုံမှုအပြီး တနင်္ဂနွေနေ့ ညပိုင်းက သတင်းထောက်တွေကို မာကို ရူဘီယိုက ပြောကြားခဲ့ တာပါ။
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း "သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဖွဲ့က ကျွန်တော်တို့ အသံတွေကို နားထောင်ပေးတဲ့ အရိပ်အယောင်တွေ" တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ယူကရိန်းနဲ့ ဥရောပ မဟာမိတ်နိုင်ငံတွေကတော့ ပေါက်ကြားခဲ့တဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တွေ အပေါ် စိုးရိမ်တယ်လို့ ပြောကြားထားပါတယ်။
အဆိုပြုချက်တွေဟာ ရုရှားနိုင်ငံအတွက် အလေးသာ အကျိုးဖြစ်ထွန်းစေပြီး ဒါကို ရုရှားသမ္မတပူတင်ကလည်း လက်ခံကြိုဆိုထားပါတယ်။ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ထဲက မပြီးမြောက်သေးတဲ့ အချက်တွေကို အရင်လုပ်ဆောင်ဖို့က အဓိက ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပြီး ဒါကို ပါဝင်သူတွေအားလုံးကလည်း ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြ တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ပြောပါတယ်။

image