နိုင်ငံအတွက် အိုင်တီလူငယ်ပညာရှင်များကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်း

နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု အိုင်တီလူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။
ရန်ကုန်တိုင်းရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းနှင့် ကွန်ပျုတာစက်ခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ပုံဆွဲခန်းများ၊ လက် တွေ့ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းသားအဆောင်များ ပြင်ဆင်ထားရှိမှု၊ စာကြည့်တိုက်၊ ပင်မစာသင်ဆောင်အနီးဝန်းကျင်နှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
အင်ဂျင်နီယာ နည်းပညာကဏ္ဍ၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နောက်ကျမကျန်ခဲ့စေရေးနှင့် နိုင်ငံ့အကျိုးပြု သုတေသန စီမံကိန်းများဖြင့် ရှင်သန်သက်ဝင်သော တက္ကသိုလ်ဖြစ်စေရေး အတွက်လည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

image